Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မွန်ဂိုလီးယားသမ္မတ မြန်မာလုပ်ငန်းရှင်တွေနဲ့တွေ့

$
0
0
~



မြန်မာပြည်ရောက်လာတဲ့ မွန်ဂိုလီးယားနိုင်ငံသမ္မတက   ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့မှာ လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပြီး  ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။
 

 
မွန်ဂိုလီးယားသမ္မတနဲ့အဖွဲ့က ရန်ကုန်မှာ လုပ်ငန်းရှင်တွေနဲ့ အခုလို တွေ့ခဲ့ကြပါတယ် (ဓာတ်ပုံ - မွန်ဂိုလီးယားသမ္မတ၀က်ဆိုက်)  
 

 အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တဲ့ လုပ်ငန်းအမျိုးအစားများ


ဆောက်လုပ်ရေး
အိမ်ခြံမြေအကျိုးဆောင်
သတ္တုတွင်း
ပရိဘောဂ ထုတ်လုပ်ရေး

အအေးခန်းနည်းပညာနှင့် စက်ပစ္စည်းများ
ကျန်းမာရေး
ပညာရေး
စားသောက်ကုန် စက်မှု

စက်ဆီ ချောဆီ
 
ခုတလော ရန်ကုန်မှာလုပ်တဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများကို တက်ရောက်ခဲ့တဲ့ လုပ်ငန်းရှင်တဦးက အောက်ပါအတိုင်း သုံးသပ် ပြောကြားပါတယ်။

“နိုင်ငံတကာနေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အီးယူကော ဂျပန်ကော လာပြီးဆွေးနွေးပွဲတွေ လုပ်ကြတယ်။ ဖိုရမ်တွေလုပ်ကြတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ သူတို့လာတဲ့ကိစ္စတွေသည် Survey လုပ်တဲ့ အဆင့်လောက်ပဲရှိတယ်လို့ မြင်တယ်။ တကယ်တမ်းလုပ်မယ့်အခြေအနေမျိုးတော့ သိပ်မမြင်ဘူး။ ဒါပေမယ့် ဘာပဲပြောပြော ဒါဟာရည်ရှည်ကောင်းမယ့် အလားအလာပဲ”

သူ့အပြောအရ ဆိုရင် မွန်ဂိုလီးယားတို့လည်း မြန်မာဈေးကွက်ကို လာပြီး စနည်းနာတဲ့သဘော ဖြစ်ပါလိမ့်မယ်။

ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာလည်း နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲအကြောင်း ပါပါတယ်။
မွန်ဂိုလီးယားရဲ့ ရင်းနှီးမြှုပ်နှံမှုမရှိသေး၊ လာဖို့ ဖိတ်ခေါ်တယ်၊ လောလောဆယ်တော့ မွန်ဂိုလီးယားကလုပ်တဲ့ တာယာ၊ ကျွတ်၊ အိမ်သုံးဆေးတွေ မြန်မာပြည်ကို  ၀င်နေတယ် စသဖြင့် ကုန်သည်/စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်ရဲ့ ပြောဆိုချက်ကို သတင်းမှာ ထည့်သွင်းထားပါတယ်။

မွန်ဂိုလီးယားသမ္မတကလည်း ... နှစ်နိုင်ငံ သံတမန် ဆက်သွယ်ရေးရှိခဲ့တာ ၁၉၅၉ ကတည်းက ဖြစ်တယ်၊ သူတို့ရဲ့ အဓိက လုပ်ငန်းက ခရီးသွားလုပ
်ငန်းဖြစ်တယ်၊ မကြာခင် "နှစ်နိုင်ငံ Charter များကို ပျံသန်းသွားရန် အစီအစဉ် ရှိပါကြောင်း"စသဖြင့် ပြောသွားပါတယ်။

သူတို့လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ မြန်မာပြည်မှာလည်း အဲဒီလိုပဲ ရှိလာနိုင်တယ်၊ မကြာခင် တိုးတက်ဖွံ့ဖြိုးလာနိုင်တယ်လို့ ယုံကြည်တယ် စသဖြင့် ပြောသွားပါတယ်။

 
 သီဟတိုး


.


Viewing all articles
Browse latest Browse all 5236

Trending Articles