Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရိုဟင်ဂျာ နိုင်ငံသားပေးဖို့ UN တိုက်တွန်းချက် ဦးရဲထွဋ် တုံ့ပြန်

$
0
0
 ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားပေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းက 
မြန်မာအစိုးရကို တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတယ်။ အဲဒီဆုံးဖြတ်ချက်အပေါ် သမ္မတ ပြော
ခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က မီဒီယာတွေရဲ့ မေးမြန်းမှုကို အခုလို သူ့ဖေ့စ်ဘုတ်က ဖြေကြား ထားပါတယ်။ 


"""ရိုဟင်ဂျာကို နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ ဖော်ပြထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက မြန်မာ အစိုးရ ကို တိုက်တွန်းကြောင်းသတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စာနယ်ဇင်းများရဲ့ မေးမြန်းချက်များကို ဒီကနေ ပဲ ဖြေကြား လိုက်ပါတယ်။ 

အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို လုံးဝလက်မခံပါဘူး။ ရခိုင် ပြည်နယ်အတွင်း မှာ ရှိနေတဲ့ ဘင်္ဂလီလူမျိုးများအနက် ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ကိုက်ညီသူတိုင်း နိုင်ငံသားပြုခွင့်ရမှာဖြစ်ပါ တယ်။ 

ဥပဒေနဲ့ မညီသူများကိုတော့ ဘယ်သူက ဖိအားပေးပေး နိုင်ငံသားပြုခွင့်မပေးနိုင်ပါဘူး။ ဒါဟာ ကျွန်တော် တို့ရဲ့ အချုပ် အခြာအာဏာပိုင်ခွင့်ဖြစ်ပါတယ်။ 

အမေရိကန်၊ ဗြိတိန်အပါအ၀င် အနောက်ဒီမိုကရေစီနိုင်ငံများ မှာလည်း နိုင်ငံသား ပြုခွင့်နဲ့ပတ်သက်ပြီး သီးခြားပြဋ္ဌာန်း ထား တဲ့ဥပဒေများ၊ စည်းကမ်းချက်များ ရှိပါတယ်။ 

အဲဒီဥပဒေများနဲ့ မကိုက်ညီတဲ့ သူတွေကို ဘယ်နိုင်ငံတကာ အဖွဲ့ အစည်း ပြောပြော သက်ဆိုင် ရာနိုင်ငံက နိုင်ငံသားပြုပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း အဲဒီသဘောပဲဖြစ်ပါတယ်။ 

နောက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီအနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနက ဆောင်ရွက်နေတဲ့ စာရင်းကောက်ယူရေး လုပ်ငန်းများမှာ ဘင်္ဂလီလူမျိုးများက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေတဲ့ လုပ်ဆောင်ချက် များကိုလည်း ထောက်ပြ ဖို့လိုမယ် လို့ယူဆပါတယ်။ """

ဆက်စပ်သတင်း 


ရိုဟင်ဂျာများကို တန်းတူအခွင့်အရေးပေးရန် ကုလသမဂ္ဂတိုက်တွန်း 

 


Viewing all articles
Browse latest Browse all 5236

Trending Articles