Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

NOK AIR ကို အောင့်ကာနမ်းနေရတဲ့ မဲဆောက်

$
0
0

NOK AIR လေကြောင်းလိုင်းက သူတို့ ကြေညာထားတဲ့အတိုင်း မဲဆောက်-ဘန်ကောက် လေယာဉ်ခရီးစဉ်ကို တနေ့ ၄ ကြိမ်နှုံးနဲ့ပြေးဆွဲပေးနေပါပြီ။

 


(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
ဒီလ ၁ ရက်နေ့ကစပြီး ခရီးစဉ် အစပြုမယ်လို့ ကြေညာထားတဲ့အတိုင်း ဖြစ်လာတာပါ။


ကြေညာထားတဲ့အတိုင်း ဖြစ်မလာတာကတော့ လေယာဉ်လက်မှတ်နှုန်းထားပါပဲ။

တကြောင်းကို တစ် လေးလုံး (၁,၁၁၁ ဘတ်) နဲ့ ပြေးမယ် လို့ ပြူးပြူးပြဲပြဲ ပြောခဲ့ပေမယ့် အခုတော့ လက်မှတ်က ဘတ် ၁,၅၉၀ ဖြစ်နေပါတယ်။

အပြောနဲ့အလုပ် ဘတ်ငါးရာနီးပါး ကွာဟသော်ငြားလည်း ရွေးစရာ တခြားလေကြောင်းလိုင်းမရှိတော့ သူ့ပဲ အားကိုးရပါလိမ့်မယ်။

 

နယ်စပ်တံတားပေါ် ကြော်ငြာတုန်းက ဒီလို ...

ဒီခရီးစဉ်အသစ်ကို   ဒေသခံတွေ၊ နိုင်ငံခြားသားတွေ၊  ထိုင်းမှာရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အသုံးပြုကြပါတယ်။

စတင်ပြေးဆွဲတဲ့နေ့ကနေစပြီး ဒီနေ့အထိ ခရီးစဉ်တိုင်းမှာ  ခရီးသွားတွေ ပုံမှန်ရှိပါတယ်လို့ မဲဆောက်လေဆိပ်က လက်မှတ်အရောင်းစာရေးမတဦးက ဆိုပါတယ်။

ထိုင်းပုဂ္ဂလိကလေကြောင်းလိုင်းတခုဖြစ်တဲ့ NOK AIR ရဲ့ ဈေးနှုန်း ပြောင်းလဲသတ်မှတ်မှုကြောင့် တချို့လူတွေ စိတ်ပျက်သွားကြတယ်လို့ မဲဆောက်က ကုန်သည်ကြီးများအသင်းဝင်  နိုင်ဆူချိုင်းက ဆိုပါတယ်။
 

နယ်စပ်တံတားအောက်က လက်ရှိ ကြော်ငြာ

လေယာဉ်ပျံသန်းချိန် စုစုပေါင်း - ၁း၁၅

မဲဆောက်မှ လေယာဉ်ထွက်ချိန်များ
နံနက်

  • ၉း၄၅
  • ၁၂း၁၅
မွန်းလွဲပိုင်း
  • ၃း၃၅
  • ၄း၀၀ 

ဘန်ကောက် ဒွန်မောင်းလေဆိပ်မှ လေယာဉ်ထွက်ချိန်များ
 နံနက်

  • ၈း၀၀
  • ၁၀း၃၀
မွန်းလွဲ
  • ၂း၀၀
  • ၃း၀၅

လက်မှတ်ခ

  • ဘတ် ၁,၅၉၀
  • (ကျပ် - လေးသောင်းခွဲခန့်၊ ဒီနေ့ ဒေါ်လာဈေးနဲ့ ဆိုရင် 54 USD)

ဒီလေကြောင်းလိုင်းဟာဒီနှစ်ထဲမှာဘဲ မဲဆောက်နဲ့မွန်ပြည်နယ်မော်လမြိုင်မြို့ကို ပြေးဆွဲ ဘို့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ထားပါတယ်။

မွန်ပြည်နယ်ကုန်သည်ကြီးများအသင်းဝင်တဦးကတော့
 မဲဆောက်-မော်လမြိုင်ပြေးဆွဲဘို့ NOK AIR ကစမ်း သပ်ပြီးသွားပြီး ပျံသန်းချိန် ၁၈ မိနပ်ပဲ ကြာတယ်၊
မော်လမြိုင်လေဆိပ်က အသုံးမပြုဘဲပစ်ထားတာကြာတော့ အဆင့်မြှင့် မွန်းမံပြင်ဆင်တာတွေ အများကြီးလုပ်ရဦးမယ်လို့ မကြာခင်က ဧရာဝတီသတင်းဌာနကို  ပြောဆိုခဲ့ပါတယ်။

မကြာခင် မြင်ရတော့မယ့် ခရီးသွားလာမှု

နှစ်နိုင်ငံသဘောတူညီချက်အရ လာမယ့် ဧပြီလဆန်းကစပြီး မဲဆောက်-မြ၀တီလမ်းကနေ ရက်သတ္တတပတ် ကြာမြှင့်မယ့် နယ်စပ်ခရီးသွားခွင့်ကို ထိုင်းနဲ့မြန်မာတွေ အပြန်အလှန် စတင်ကျင့်သုံးတော့မယ်၊
ဒါကြောင့် ထိုင်းဘက်ကနေ မဲဆောက်ခရီးစဉ်လေကြောင်းလိုင်းကို တိုးမြှင့် လုပ်ဆောင်တာဖြစ်တယ်လို့  မဲဆောက်အခြေ စိုက်ထိုင်းစက်မှုလုပ်ငန်းရှင်တဦးဖြစ်တဲ့ နိုင်ဝစ်ချိုင်းက ပြောပါတယ်။

မြန်မာဘက်ကခွင့်ပြုချက်အရ ဒီလမ်းကြောကနေ ထိုင်းလူမျိုးတွေ တပတ်စာခရီးသွားခွင့်လက်မှတ်နဲ့ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာရှိတဲ့ အထင်ကရနေရာဒေသတွေကို သွားရောက်လည်ပတ်ကြမှာပါ။
အဲဒီထဲမှာ ကျိုက်ထီးရိုးဘုရား ခရီးစဉ်က ထိပ်ဆုံးက ဖြစ်ဖွယ်ရှိပါတယ်။

 မြန်မာတွေလည်း ထိုင်းဘက်ကို အရင်ကထက် ပိုပြီး ၀င်ရောက်လည်ပတ်ကြမှာဖြစ်ပါ တယ်။

လက်ရှိ ခရီးသွားလာမှု
လက်ရှိအသုံးပြုနေကြတဲ့လက်မှတ်က တရက်စာခရီးသွားလက်မှတ်ဖြစ်ပါတယ်၊ အချိန် အကန့်အသတ် ရှိတဲ့အတွက် နေမ၀င်ခင် လာလမ်းအတိုင်း ပြန်ရပါတယ်။

သွားလာခွင့်နေရာလည်း အကန့်အသတ် ရှိပါတယ် -  ထိုင်းတွေမြ၀တီမြို့တွင်းသာသွားလာခွင့်ရှိပြီး၊
 မြန်မာတွေလည်းမဲဆောက်မြို့အတွင်းသာ လည်ပတ်ခွင့်ရတဲ့ တနေ့တာ ခရီးသွားလက်မှတ်ဖြစ်ပါတယ်။





Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


စနေမင်း နှင့် တနင်္ဂနွေမင်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မနောမယအိမ်ခြံမြေရောင်းနည်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား