Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

"သူပုန်ဆိုတာက ပိုပြီးတော့ ကောင်းပါသေးတယ်"

$
0
0

သူပုန် ဆိုတဲ့ ကျစ်ကျစ်လျစ်လျစ်စကားလုံးကို တွေ့ရ ကြားရတဲ့အခါ တိုင်းရင်းသားဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်လို ခံစားရပါသလဲ။
မကြာသေးခင်က
SSA တောင်ပိုင်း 

ပြောခွင့်ရ​အရာရှိ  စိုင်းလောင်​ဆိုင်းနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး သူပြောပြတဲ့ သူပုန် အကြောင်းကို ကောက်နုတ်  ဖော်ပြလိုက်ပါတယ်။

 .

မေး -သူပုန် ဆိုတဲ့ ဝေါဟာရကို ဘယ်လိုမြင်လဲ။ SSA ကို သူပုန်အဖွဲ့လို့ စာနယ်ဇင်းတွေမှာ သုံးနှုန်းတာကို ဘယ်လို သဘောရသလဲ။

ဖြေ - သူပုန် ဆိုတာ လုပ်ရပ်ကို ဖော်ညွှန်းနေတဲ့ ဝေါဟာရပဲ။ အုပ်ချုပ်မှုကို ကျနော်တို့က တော်လှန်ပုန်ကန်တာပေါ့၊  သူပုန်ပဲပေါ့။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နဲ့သူပုန် ဆိုတဲ့ အသုံးအနှုန်း ၂ ခုမှာ သူပုန်ဆိုတာက ပိုပြီးတော့ ကောင်းပါသေးတယ်။

မေး - အစိုးရ စာနယ်ဇင်းများမှာတော့ SSA နဲ့ တခြားအဖွဲ့တွေကို သောင်းကျန်းသူ လို့ သုံးနှုန်းခဲ့တယ်။ သောင်းကျန်းသူ လို့ သုံးနှုန်းတာကို ဘယ်လို ယူဆသလဲ။
ဖြေ - သောင်းကျန်းသူ ဆိုတာကတော့ အားလုံးကို ကမောက်ကမ ဖြစ်အောင်၊  ပျက်စီးအောင် ဆောင်ရွက်တဲ့သူကို သောင်းကျန်းသူလို့ ခေါ်ဆိုထိုက်တာပေါ့၊ ဒါပေမယ့် ကျနော်တို့က ဗမာပြည်ကို သွားပြီးတော့ ဖျက်ဆီးတာလည်း မဟုတ်ဘူး၊  ဗမာပြည်သူပြည်သားတွေကို ပျက်စီးအောင် လုပ်တာလည်း မဟုတ်ဘူး။
ကျနော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုနေတယ်၊  ကာကွယ်နေတယ်၊  ဒါပဲ။
သောင်းကျန်းသူက ဘယ်သူလဲ ဆိုတာ ပြန်ပြီးတော့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဆက်စပ် ~
  1. သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (နိဂုံး)
  2. မဟာဆွေ ရဲ့ သူပုန်ကြီးဝတ္ထုရှည် 
  3. "သူပုန်" လို့ ရေးရင် ဘာဖြစ်သလဲ
  4. သူပုန်ဌာနချုပ်က အထက်တန်းကျောင်း



Viewing all articles
Browse latest Browse all 5236

Trending Articles