Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဦးတေဇ နဲ့ ထရုံလူမျိုး ဦးဒါဝိတ်

$
0
0
 ~



ထူးဖောင်ဒေးရှင်း အဖွဲ့ဝင်များက ကချင်ပြည်နယ်ကနေ ရန်ကုန်အပြန်ခရီးမှာ ဧည့်သည် ၂ ယောက် ခေါ်လာပါပြီ။ နေပြည်တော်ကိုလည်း အလည်အပတ်ခရီး ပို့ပေးပါမယ် တဲ့။



သူတို့ ၂ ယောက်က ဘယ်သူတွေလဲ။
၁။ ခါကာဘိုရာဇီတောင်ထိပ်သို့ ပထမဆုံး တက်ခဲ့တဲ့ နမားဂျွန်ဆင်
၂။ နောက်တဦးက မြန်မာနိုင်ငံမှာ သုံးဦးပဲ ရှိတော့တဲ့  ထရုံလူမျိုးထဲက  ဦးဒါဝိတ်
ဦးဒါဝိတ်က အသက် ၆၀ ရှိပြီလို့ ဆိုပါတယ်။

ဒီအကြောင်း  ထူးဖောင်ဒေးရှင်းတည်ထောင်သူ ဦးတေဇက သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးထားပါတယ်။

ဧရာဝတီသတင်းဌာန ပင်မစာမျက်နှာမှာလည်း ဒီအကြောင်း သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ခေါင်းစဉ်က Burmese Tycoon Brings Pygmy Man to Rangoonဖြစ်ပြီး လင့်က  http://www.irrawaddy.org/archives/44622ဖြစ်ပါတယ်။ ထူးဖောင်ဒေးရှင်း အရာရှိ ဦးပေါ်မြင့်ဦး၊ 
ထရုံလူမျိုးအကြောင်း စာအုပ်ရေးခဲ့သူ Wolfgang H. Trost စသူတို့ကို ဆက်သွယ်ပြီး ရေးထားတဲ့သတင်းပါ။ အခုတော့  ဦးတေဇ Facebook  မှာ တွေ့ရတာကို  ကူးယူ ဖော်ပြလိုက်ပါတယ်။ ရန်ကုန်၊ နေပြည်တော် အလည်ခေါ်ရတဲ့ အကြောင်းရင်း ၃ ရပ်ကို ဖတ်ရပါလိမ့်မယ်။

ဓာတ်ပုံတွေကိုတော့ ဦးတေဇရဲ့ Facebookကနေ ယူပါတယ်။

"မြန်မာ့သူရဲကောင်း နမားဂျွန်ဆင်နှင့် ထူးခြားထရုံလူမျိုး ဦးဒါဝိတ်အား ထူးဖောင်ဒေးရှင်း ရန်ကုန်သို့ ခေါ်ဆောင်လာခဲ့"


မြန်မာ-အမေရိကန် ရေခဲတောင်တက်အဖွဲ့ ဂမ်လန်ရာဇီ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ရေးအတွက် နောက်တန်းမှ ထောက်ပံကူညီရန် လိုက်ပါခဲ့သော

ထူးဖောင်ဒေးရှင်း အဖွဲ့ဝင်များသည် ဂမ်လန်ရာဇီတောင်မှ အပြန်ခရီးတွင် မြန်မာလူမျိုးများထဲမှ ခါကာဘိုရာဇီတောင်ထိပ်သို့ ပထမဆုံး တက်ရောက်နိုင်ခဲ့သော နမားဂျွန်ဆင်နှင့် မြန်မာနိုင်ငံတွင် (၃)ဦးသာ ကျန်တော့သည့် ထရုံလူမျိုးထဲမှ အကိုအကြီးဆုံးဖြစ်သော ဦးဒါဝိတ်ကို ရန်ကုန်မြို့သို့ ခေါ်ဆောင်လာခဲ့ပြီး ၎င်းတို့ ဗဟုသုတ တိုးပွားစေရန်အတွက် ရန်ကုန်နှင့် နေပြည်တော်အနှံ့ အလည်အပတ်ခရီး ပို့ဆောင်ပေးမည် ဖြစ်သည်။

နမားဂျွန်ဆင်နှင့် ထရုံလူမျိုး ဦးဒါဝိတ်တို့ နှစ်ဦးအား ထူးဖောင်ဒေးရှင်းက …

၁။ မြန်မာနိုင်ငံ မြို့ကြီးများ၏ တိုးတက်နေမှုကို ကိုယ်တိုင်ခံစား သိမြင်ပြီး ပီတိဖြစ် ၀မ်းမြောက်စေရန်

၂။ မျိုးချစ်စိတ်ဓါတ်ပိုမို ထက်သန်စေရန်နှင့် ဒေသန္တရ ဗဟုသုတ တိုးပွားစေရန်

၃။ ၎င်းတို့ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ပစ္စည်းများကို ကိုယ်တိုင် ဝယ်ယူ၍ ၎င်းတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် သုံးနိုင်ရန် စသည့် ရည်ရွယ်ချက် (၃)ရပ်ဖြင့် ဖိတ်ကြား ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
 
 


.

Viewing all articles
Browse latest Browse all 5236

Trending Articles