အိန္ဒိယနိုင်ငံက အမျိုးသမီးကလေး ဂျိုတီ အမ်ဂဲ ဟာ အရပ် ၂၄.၇ လက်မနဲ့ ကမ္ဘာပေါ်မှာ အရပ်အပုဆုံး သက်ရှိ ထင်ရှား အမျိုးသမီး တယောက်ပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက အသက် ၁၉ နှစ် ရှိပြီဖြစ်တဲ့ ဂျိုတီ အမ်ဂဲဟာ အထပ်ပေါင်း အမေရိကန် ပြည်ထောင်စု၊ နယူးယောက်က ကမ္ဘာ့ အမြင့်ဆုံးနေရာ တခုဖြစ်တဲ့ Empire State Building ကို အလည်သွားခဲ့ပါတယ်။ အဲဒီ Empire State Building ဟာ အထပ်ပေါင်း ၈၆ ထပ် ရှိပါတယ်။
သူဟာ မိခင်၊ ဖခင်တွေနဲ့အတူ အမေရိကားကို ပထမဆုံး လာတာ ဖြစ်ပြီး ဂင်းနစ် မှတ်တမ်း အဖွဲ့က သူ့ကို ပိုပြီး လူသိများ ထင်ရှားစေဖို့ စရိတ်အကုန်အကျခံပြီး စီစဉ်ပေးတာလို့ သိရပါတယ်။ သူဟာ အမေရိကန် ခရီးစဉ်အတွင်းမှာ တိုင်းမ် စကွဲယားနဲ့ လေဘာတီ ရုပ်တုတွေကိုလည်း အလည်သွားမှာ ဖြစ်ပါတယ်။
အခုလို အလည်သွားခဲ့တာကလည်း ၂၀၁၄ ခုနှစ် ကမ္ဘာ့ ဂင်းနစ်မှတ်တမ်း အတွက် အထောက် အကူ ဖြစ်
စေ ဖို့ အခုလို သွားတာဖြစ်တယ်လို့ CBS သတင်းက ဆိုပါတယ်။
အိမ့်သံစဉ် ~
ဓာတ်ပုံ- နယူးယောက်တိုင်းမ်