အခုတလော အစိုးရက နိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွေ၊ ပြည်ပထွက်ခွာ ခွင့်ကိစ္စတွေနဲ့ ပတ်သက်ပြီး
ခေတ်နဲ့ လျော်ညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တခုပြီးတခု လုပ်ဆောင်ပေးလာတာတွေ့ရပါတယ်။
အခု နောက်ဆုံး လုပ်ဆောင်ပေးချက်တခုကတော့ အရင်က နိုင်ငံကူးလက်မှတ်လျှောက်ထားသူတိုင်း ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက် ပူးတွဲ တင်ပြတဲ့ကိစ္စကို ယခု မတ်လ ၁၈ ရက်နေ့က စပြီး လုပ်စရာ မလိုတော့ဘူးလို့ ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေ မှာ ဖော်ပြလာပါပြီ။
အဲဒီအတွက် ရိုးရိုး ဘွဲ့ရသူတွေ၊ မဟာဘွဲ့ရသူတွေ၊ ပါရဂူဘွဲ့ရသူတွေအနေနဲ့ နိုင်ငံခြား ထွက်ခွာဖို့ ပါ့စ်ပို့
လျှောက်ထားတိုင်း အဆိုပါ သက်ဆိုင်ရာ ပညာ အဆင့်အလိုက် လျော်ကြေးငွေ အပေါင်ပေးသွင်းပြီး ပညာရေး ကင်းရှင်းကြောင်း ထောက်ခံစာ ရယူတင်ပြကြရတဲ့အတွက် အလွန်ဝန်ပိုတဲ့ ကိစ္စ တခု ဖြစ်ခဲ့ ပါတယ်။