Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဝန်ကြီးက စာနယ်ဇင်း ကောင်စီကို ဘာကြောင့် ဖိတ်ခေါ်

$
0
0
ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ( ယာယီ) အနေနဲ့ ပြင်ဆင်ဖြည့်စွက်လိုတဲ့ အချက်တွေကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဆီ အကြံပြု တင်ပြနိုင်ဖို့ အတွက် ပြန်ကြားရေး ၀န်ကြီးက စာနယ်ဇင်း ကောင်စီ ( ယာယီ) ကိုယ်စားတွေနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားထားပါတယ်။ 

 ယမန်နှစ် စက်တင်ဘာလ က ပြန်ကြားရေး ၀န်ကြီးသစ်ဖြစ်လာသူ ဦးအောင်ကြည်နှင့် ဆရာ မောင်ဝံသ တို့ တွေ့ဆုံစဉ်၊ ဓာတ်ပုံ- ပြန်ကြားရေး ၀က်ဆိုက်
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း ဥက္ကဌ ဦးစိုးသိန်း ( မောင်ဝံသ) တို့ တွေ့ဆုံစဉ်၊ ဓာတ်ပုံ- ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာ - See more at: http://blog.irrawaddy.org/2012/09/blog-post_1791.html#more
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း ဥက္ကဌ ဦးစိုးသိန်း ( မောင်ဝံသ) တို့ တွေ့ဆုံစဉ်၊ ဓာတ်ပုံ- ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာ - See more at: http://blog.irrawaddy.org/2012/09/blog-post_1791.html#more

 အဆိုပါ ဖိတ်ကြားမှုကို ယနေ့ မတ်လ ၁၇ ရက်နေ့ ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာမှာ ဖော်ပြထားပြီး လာမယ့် မတ်လ ၂၃ ရက်နေ့မှာ ပြန်ကြားရေး ၀န်ကြီးနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ( ယာယီ) တို့ ဆွေးနွေး စည်းဝေးကြရန် ပြန်ကြားရေး ၀န်ကြီးက ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။ 

ပုံနှိပ် ဥပဒေကြမ်းနဲ့ပတ်သက်ပြီး စာနယ်ဇင်းသမားများက ကန့်ကွက်နေချိန်တွင် စာပေထုတ်ဝေသူနှင့် 
ဖြန့်ချီသူများက ဥပဒေကြမ်းကို စတင်ထောက်ခံပြီးနောက် မြန်မာနိုင်ငံ စာရေး ဆရာများ အသင်းကလည်း မကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါပေမယ့် မြန်မာစာနယ်ဇင်းလောက ထင်ရှားသူများဖြစ်တဲ့ ဆရာ ဖေမြင့်၊ ဆရာ မောင်ဝံသ( ဦးစိုးသိန်း) တို့ကပါ လူသိရှင်ကြား ကန့်ကွက်ပြောဆိုထားတာတွေကိုလည်း ပြန်ကြားရေး ၀န်ကြီးဌာနက ၄င်းတို့ရဲ့ သတင်းစာတွေ၊ အင်တာနက် စာမျက်နှာတွေမှာ ထည့်သွင်းဖော်ပြထားတာ ထူးခြားမှု တရပ် အဖြစ် မြင် 
တွေ့ ရပြီး ယခုလို ဆွေးနွေး ညှိနှိုင်းရန် ၀န်ကြီးက ဖိတ်ကြားလိုက်ခြင်းဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~ 

ဆက်စပ်

 ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်နဲ့ သတင်းစာပါ ဆရာ ဖေမြင့်နဲ့အင်တာဗျူး

Viewing all articles
Browse latest Browse all 5236

Trending Articles