သမ္မတ ဦးသိန်းစိန်နဲ့ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ မနေ့က တွေ့ဆုံမှု ကို နိုင်ငံ ပိုင် ရုပ်မြင်သံကြားကလည်း သတင်းထုတ်ပြန်ကြေညာသွား သလို နိုင်ငံပိုင်သတင်းစာတွေက လည်း ဝေေ၀ဆာဆာ ဖော်ပြကြပါတယ်။
အသွင်ကူးပြောင်းရေးကာလတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို အမြော်အမြင်ရှိရှိ သဘောထား ကြီးကြီး ပါဝင်ဆောင်ရွက်ရေးဆွေးနွေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ကြားရေး ၀က်ဆိုက်မှာလည်း ဖော်ပြသလို မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြားကလည်း အောက်မှာ ဖော်ပြတဲ့အတိုင်း ကြေညာသွားပါတယ်။
အခု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ၂ နှစ်ကျော် သက်တမ်းရှိတဲ့ သမ္မတ တို့ တွေ့ဆုံမှုဟာ ပထမဆုံး အကြိမ်ဖြစ်သလို အခုမှ တွေ့ဆုံဖြစ်ကြတဲ့အပေါ် အကောင်းမြင်သူတွေ ရှိကြသလို မေးခွန်းထုတ်
နေသူတွေလည်း ရှိကြပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ၈၈ မျိုးဆက်များ တွေ့ဆုံစဉ်၊ ဓာတ်ပုံ- ၈၈ မျိုးဆက်