Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဒီလှိုင်းစာစောင် နဲ့ ကြွေးကျန် သိန်း ၁,၈ဝဝ

$
0
0
 ~



NLD ရဲ့ အပတ်စဉ်ထုတ်စာစောင် ဒီလှိုင်းမှာ ငွေကြေးပိုင်းဆိုင်ရာပြဿနာပေါ်နေတယ်၊
ကြွေးကျန် ကျပ် သိန်း ၁,၈ဝဝ  ရှိနေတယ် လို့ NLD ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးဥာဏ်ဝင်းက  ပြောပါတယ်။
ဒါဟာ ဒေါ်လာ နှစ်သိန်း နီးပါးရှိတဲ့ငွေပမာဏပါ။


အသေးစိတ်သိရဖို့ စာစောင် အုပ်ချုပ်ရေးမှူး နဲ့ တာဝန်ရှိသူတွေကို စစ်ဆေးရမှာပါ တဲ့။

ဒီအကြောင်း ဧရာဝတီ ပင်မစာမျက်နှာမှာ NLD Publication Hit by Financial Woes After $185K Goes Missingဆိုပြီး ရေးထားပါတယ်။
http://www.irrawaddy.org/archives/43817မှာ အသေးစိတ်ဖတ်နိုင်ပါတယ်။
အဓိကတာဝန်ရှိသူက စာစောင်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပါတယ် တဲ့။
 အုပ်ချုပ်ရေးမှူး ဘယ်သူဘယ်ဝါဆိုတာကိုတော့ ဦးဥာဏ်ဝင်းက အမည်ထုတ်မပြောပါ။

မနေ့က ဒီလှိုင်းတာဝန်ခံဦးအုန်းကြိုင်ကို  မေးမြန်းဖို့အတွက်လည်း အဆက်အသွယ် မရခဲ့ပါဘူး။

အယ်ဒီတာအဖွဲ့ဝင်တဦးဖြစ်တဲ့ မုံရွာအောင်ရှင်ကိုတော့ အဆက်အသွယ် ရခဲ့ပါတယ်။ သူက ...
ကျနော်တို့ကတော့ အယ်ဒီတာအလုပ်ပဲ လုပ်ပါတယ်၊ ငွေစာရင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မသိဘူးလို့ ပြောပါတယ်။
သို့သော်လည်း ဒီလှိုင်းစာစောင်ကို ဆက်ထုတ်ကြမှာပါ တဲ့။

ဒီလှိုင်းမှာ ရေးသားနေတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကို မေးမြန်းရာမှာတော့ သူက ငွေစာရင်းကိစ္စ၊ ကြွေးကျန်ကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးလိုဘူးလို့ ဆိုပါတယ်။

နေ့စဉ်ထုတ် အရပ်ဘက်သတင်းစာတွေ ထွက်မလာခင်အထိတော့ ဒီလှိုင်းအပတ်စဉ်ထုတ်စာစောင်ရဲ့ စောင်ရေဟာ တသိန်းဝန်းကျင် ရှိခဲ့ကြောင်း သိရပါတယ်။
အနယ်နယ်အရပ်ရပ်က NLD ကို စိတ်ဝင်စားသူအများအပြား ဝယ်ယူအားပေးကြတဲ့စာစောင် ဖြစ်ပါတယ်။

ဒီလှိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရေးတဲ့စာတွေ ဖော်ပြလေ့ရှိပါတယ်။
မျက်နှာဖုံးကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံများနဲ့ပဲ ထုတ်တဲ့ စာစောင်ပါ။

 ကြွေးကျန် သိန်း ၁,၈ဝဝ  နဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အဆုံးသတ်ပြီးချိန်မှာတော့ ဖြစ်ရပ်မှန်ကို NLD က ထုတ်ပြန်ကြေညာဖွယ်ရှိပါတယ်။ မထုတ်ပြန်ရင်လည်း သတင်းသမားတွေက စုံစမ်းမေးမြန်းပြီး ရေးသားကြဦးမယ်လို့ ယူဆရပါတယ်။


ဆက်စပ် -
NLD Publication Hit by Financial Woes After $185K Goes Missing 
http://www.irrawaddy.org/archives/43817 

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles