Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဦးအောင်မင်း ပြောလိုက်တာက ဒေါ်စုကြည် တဲ့

$
0
0
ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရတို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအရ တူတာတွေ တွဲလုပ်ဆိုတဲ့ မူဝါဒနဲ့ ထိတွေ့ ဆက်ဆံလာကြလို့ နိုင်ငံတကာကပါ ပြုပြင်ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံလို့ ပြောနေကြတယ်။ 



တချိန်ကတော့ စစ်အစိုးရ လူကြီးတွေနဲ့ သတင်းစာတွေက အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာ မစဉ်းစားခဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် နာမည်ရှေ့က အောင်ဆန်း ဆိုတဲ့ အမည်နာမကို ဖြုတ်ပြီး ဒေါ်စုကြည် လို့ ခေါ်ကြတယ်။ ရေးကြတယ်။

အဲ ဒီနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်လို့ သုံးလာကြတယ်။ အခေါ် အပြောတွေ က သူတို့ရဲ့ ဆက်ဆံရေးကို တိုင်းတာလို့ ရတာပေါ့။

တချိန်ကလည်း KNU နဲ့ အဆင်ပြေချိန်က KNU ခေါင်းဆောင်ကို  ဗိုလ်ချုပ်မြ လို့ သတင်းစာတွေ မှာ ရေးတယ်။

အဆင်လည်း မပြေရော ဗိုလ်မြ ဘာညာ စသဖြင့် ရေးပါလေရော။

အခုလည်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက အရင်ကတော့ အမကြီး ဘာညာ ပြောနေရာက ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ က UNFC နဲ့ အဆင်မပြေတဲ့ ဒုတိယ မြောက် အကြို နိုင်ငံရေး ဆွေးနွေးပွဲမှာ  နာမည်ရှေ့က အောင်ဆန်းကို ဖြုတ်ပြီး ခေါ်လိုက်ပြန်တယ်။

"ဒေါ်စုကြည်" တဲ့

ဒါဟာ မတော်တဆ မှားယွင်းမှုလား၊ ရည်ရွယ်ချက်ရှိရှိ မှားယွင်းမှုလား ဆိုတာ မသိနိုင်ပါ။

ဝေဖန်ဖို့ နဲ့ ဆင်ခြင်ဖို့ပါ။



အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ချစ်စရာ့ မြန်မာ့ဓလေ့


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး