Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တိုနီဘလဲရဲ့ နေပြည်တော် ခရီး

$
0
0
 ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း The Rt . Hon. Anthony Blair ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး ယမန်နေ့ မတ်လ ၁၅ ရက်နေ့ကတော့ ဒု သမ္မတ ဦးဥာဏ်ထွန်းနဲ့ သမ္မတ အိမ်တော်မှာတွေ့ဆုံခဲ့ကြပါတယ်။ 

တိုနီဘလဲနဲ့ ဒုသမ္မတ ဦးဥာဏ်ထွန်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

ဗြိတိန်အနေနဲ့ ၂၀၁၂-၂၀၁၅ ခုနှစ်အတွင်း အဓိက ကျတဲ့ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာပြုပြင်ပြောင်းလဲ မှုတွေ အတွက် အထောက်အကူပြုစေရေးနဲ့  အုပ်ချုပ်မှုနဲ့ ပြည်သူ့ စီမံခန့်ခွဲရေး ပိုမိုခိုင်မာလာဖို့ ရေရှည် အစီအစဉ်တရပ် အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်ရေးအတွက် တိုနီဘလဲနဲ့ ဦးဥာဏ်ထွန်းတို့ က ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး ၀က်ဆိုက်က ဆိုပါတယ်။ 

ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာက ထင်ရှားသူတွေ အသီးသီး လာရောက် 
နေကြရာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျှော့၊ ပလပ်လာပြီးနောက်ပိုင်း ဈေးကွက် သဘောအရ အသစ်စက်စက်လိုဖြစ်နေတဲ့ မြန်မာ့ဈေးကွက်အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နိုင်ရေး အခင်းအကျင်းတွေ အဆင်သင့်ဖြစ်စေဖို့ အဓိက လိုလားနေကြတာလို့ သုံးသပ်သူတွေက ဆိုပါတယ်။ 

 တိုနီဘလဲအနေနဲ့ သူ့ရဲ့ နေပြည်တော် ခရီးမှာ ဘာတွေ အောင်မြင်ခဲ့လဲ၊ ဗြိတိန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ
အတွက် အခြေအနေ အခင်းအကျင်းကောင်းတွေ ဘယ်လိုရှိတယ်ဆိုတာ သိခွင့်ရသွားမယ်ထင်ပါတယ်။




အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles