Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သတ်မှတ်ထားတဲ့နေ့မှာ စီရင်ချက် မချဖြစ်တဲ့ ရွှေတောင်တရားရုံး

$
0
0
~


၁၀ တန်းကျောင်းသားလေး သေဆုံးခဲ့ရတဲ့ အဖြစ်နဲ့ပတ်သက်တဲ့ ပေးစာပါ။

တလောကလည်း အဆိုပါ ကျောင်းသားလေး သေဆုံးမှုနဲ့ပတ်သက်ပြီး ပေးစာ တစောင်ကို ရခဲ့လို့ ဧရာဝတီက ဖော်ပြခဲ့ပါသေးတယ်။ 



ပဲခူးတိုင်းပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရာဇ၀တ် တရားသူကြီး ဒေါ်လဲ့လဲ့ဝင်း (တ/၂၀၄၂) 

တရားရုံးတင် …. ၂၃-၁-၂၀၁၂ ခုနှစ်၊ 
ပြစ်မှုကြီးအမှုအမှတ် (၃၂၇/၂၀၁၂) 
တရားလို… ဦးအေးဟုန် (သေဆုံးသူ-ကောင်းဆက်ပိုင်၏ဖခင်) 
နှင့် 
တရားခံ……(ရဲ) ဒု တပ်ကြပ် သဲမောင်မောင်

တို့၏ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၄(က)/ ၃၃၈ အရစွဲဆိုမှု (အမှုဖြစ်စဉ်)တွင် (၃-၉-၂၀၁၃) ရက်နေ့ အမိန့်ချမည့်နေ့ 

ထိုနေ့ နေ့လည် (၁၂)နာရီ အချိန်မှာ တရားခံ ရဲဒုတပ်ကြပ် သဲမောင်မောင်ရဲ့ ခွင့်စာတင်ရန် အတွက် အမျိုးသမီး တစ်ဦးမှ ရွှေတောင် တရားရုံးသို့ ကျန်းမာရေး( ဆရာဝန်၏ လက်မှတ်ဖြင့် နှလုံးသွေးကြော ကျဉ်းရောဂါ) ကြောင့် ခွင့်စာတင် လျှောက်ထားသဖြင့် ရွှေတောင်မြို့နယ် တရားသူကြီး ဒေါ်လဲ့လဲ့ဝင်း မှ ခွင့်ပြုလိုက်ပြီး (၁၀-၉-၂၀၁၃) ရက်နေ့တွင် အမိန့်ချရန် တရားလိုဦးအေးဟုန်အား ရုံးချိန်းခဲ့ပါတယ်။ 

တရားလို ဦးအေးဟုန်က “ အမှုရင်ဆိုင်လာခဲ့သည်မှာ (၁) နှစ်နှင့် (၈) လရှိခဲ့တယ်၊ အမှုက အင်မတန် ကြန့်ကြာနေပြီး၊ (ပုဒ်မ-၃၀၄/က) ကို အာမခံယူခဲ့စဉ်တုန်းက ကျန်းမာရေးကြောင့် ယူခဲ့ခြင်းမဟုတ်ဘဲ ရဲဝန်ထမ်း တစ်ယောက် ဖြစ်တဲ့ အတွက် ပြည်မြို့နယ်တရားသူကြီး ဒေါ်အေးမွန်စန်းမှ အာမခံပေးခဲ့တယ်။ 

(ပုဒ်မ-၃၀၄/က) က အာမခံပေးလို့မရတဲ့အမှုကို ရဲဝန်ထမ်းတစ်ယောက်ကို အာမခံပေးတာဟာ တရား စီရင်ရေးက ကလေးသူငယ်ဥပဒေတွေကို အသိအမှတ်မပြုတာ ကျွန်တော်တို့ကလေးတွေ အတွက် တရားဥပဒေစိုးမိုး မှုမရှိတာ အသက်ရှင်လုံခြုံမှုမရှိတာကို ဖော်ပြနေတာ၊ ခွဲခြားကန့်သတ်ခြင်း ခံရတာ၊ ကျွန်တော့်သားက (၁၆) နှစ်မပြည့်သေးဘူး၊ ကလေးသူငယ်ဥပဒေနဲ့အကြုံးဝင်တယ်။ 

ဒါပေမဲ့ အသိအမှတ်ပြုမခံရဘူး၊ ရဲတပ်ကြပ်သဲမောင်မောင်ကြောင့် ရက်ရက်စက်စက်သေတာကို ရဲစခန်း အမှုဖွင့်တုန်းကလည်းအမှုမဖွင့်ပေးခဲ့ဘူး၊ ကလေးသူငယ်တွေဟာ ထိခိုက်နစ်နာစေနိုင်တဲ့ အနေအထားမှာရှိနေတယ်။ 

အထူး ကူညီယုယမှုနဲ့ ကာကွယ်စောင့်ရှောက်မှု လိုအပ်နေတာတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကလေး သူငယ် အခွင့်အရေးနဲ့ (၁၉၉၃)ခုနှစ် ကလေးသူငယ် ဥပဒေတွေကို ပြဌာန်းထားခဲ့တာ၊ ဥက္ကဋ္ဌ ၊ပြည်ထောင်စုဝန်ကြီး၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊နေပြည်တော်ကို (၆-၇-၂၀၁၂)နေ့တုန်းက တိုင်ခဲ့ဖူးတယ်။

ဒါပေမယ့် လက်တွေ့မှာ ကလေးသူငယ်ဥပဒေတွေ၊ ကလေးသူငယ်အခွင့်အရေးတွေကို မလေးစားဘူး၊ ပစ်ပယ်ခြင်း၊ ငြင်းပယ်ခြင်း၊ အကြမ်းဖက်ခြင်းခံရဆဲ၊ အသိအမှတ်ပြုမခံရဘူးဗျာ။ ရဲတပ်ကြပ် သဲမောင်မောင် (၃-၉-၂၀၁၃) ရက်နေ့ အမိန့်ချမည်နေ့မှ ကျန်းမာရေးကြောင့် ခွင့်ယူတာဟာ မရိုးမသားအနေနဲ့ ခွင့်ယူတာလို့ ပြောချင်တယ်လို့ တရားလိုဦးအေးဟုန်ကပြောကြားခဲ့ပါတယ် ။ 


ရွှေတောင်မြို့နယ်တရားရုံးဖုန်း-၀၅၃၅၅၀၀၆ 

ရွှေတောင်မြို့နယ်ဥပဒေရုံး-၀၅၃၅၅၀၄၇ 

တရားလို   ဦးအေးဟုန် 

အမှတ်(၉/ခ)၊ ရတနာမာန်အောင် ကွက်သစ်၊ ပြည်မြို့ 



 ဖုန်း- ၀၉ ၄၃၀၀၆၂၇၂








Viewing all articles
Browse latest Browse all 5236

Trending Articles