Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဖူဂျီ လျှပ်စစ်ကုမ္ပဏီ မြန်မာပြည် ရုံးခွဲ စတင်လည်ပတ်

$
0
0
ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ကုမ္ပဏီိကြီးတခုဖြစ်တဲ့ ဖူဂျီ လျှပ်စစ် (Fuji Electric ) ကုမ္ပဏီဟာမြန်မာနိုင်ငံမှာ ရုံးခွဲ ဖွင့်လိုက်ပါပြီ။



(ဖူဂျီက အနှိပ်သည်ကုလားထိုင် အပါအဝင် အီလက်ထရွန်ပစ္စည်းမျိုးစုံ ထုတ်လုပ်ပါတယ်)

ကုမ္ပဏီရဲ့ ရန်ကုန် ရုံးခွဲ လိပ်စာကတော့ အခန်းနံပတ် ၄၀၃၊ ယုဇန ဟိုတယ်၊ အမှတ် ၁၃၀ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အများပြည်သူဆိုင်ရာ အခြေခံ အဆောက်အဦကဏ္ဍတွေမှာ တိုးတက်မြင့်မားဖို့အတွက် အရှိန်ရလာနေ ပြီဖြစ်လို့ အခုလို ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်
နေ့က  ရုံးခွဲ ဖွင့်လှစ်ခဲ့ပြီး ယခု စက်တင်ဘာလ ၁ ရက်နေ့က စတင်လည်ပတ်နေပြီ ဖြစ်တယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။

ဖူဂျီလျှပ်စစ် ကုမ္ပဏီဟာ မြန်မာ့ဈေးကွက်ထဲမှာ စွမ်းအင်နဲ့ပတ်သက်တဲ့ ထုတ်လုပ်၊ ဖြန့်ဖြူးတာ၊ ရေအား လျှပ်စစ် အပါ အ၀င် အခြား လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး စီးပွားရေးအခွင့်အလမ်းတွေကို ရှာဖွေတာလည်း ဖြစ်တယ်လို့ The Japan News က ဆိုပါတယ်။ 

ဖူဂျီ ကုမ္ပဏီအနေနဲ့ လာမယ့် ၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ် မှာ မြန်မာနိုင်ငံမှာ နှစ်စဉ် ယန်းငွေ သန်းပေါင်း များစွာနဲ့ လည်ပတ် နိုင်မယ်လို့ မျှော်လင့်နေတယ်လို့လည်း မနေ့က ပြောထားပါတယ်။ 



အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles