Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သမ္မတ ဦးသိန်းစိန် တရုတ်ပြည်ရောက်နေ

$
0
0
သမ္မတ ဦးသိန်းစိန် တရုတ်ပြည်မှာ ရောက်နေတာကို အခုပဲ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်း ဖော်ပြပါ တယ်။ 


အခုလို ဖော်ပြမှုမှာတော့ သမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ နန်နင်းမြို့ကို ရောက်နေပြီး ဒီနေ့ ဒေသ စံတော်ချိန် နေ့လယ် ၂ နာရီ ခွဲလောက်က ခေတ္တတည်းခိုနေတဲ့ လိယွမ် ဧည့်ဂေဟာမှာ တရုတ် ကွန်မြူနစ် ပါတီ၊ ကွမ်ရှိး ပြည်သူ့ ကွန်ဂရက် အတွင်းရေးမှူး Mr. Peng Qinghua ကို လက်ခံတွေ့ဆုံခဲ့ပါတယ်တဲ့။ 

အဲဒီလို တွေ့ဆုံကြရမှာ အဓိက ပြောဖြစ်တာတွေကို ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်မှုမှာ အခု လို ဖော်ပြထား ပါတယ်။ 

“တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသတို့အကြား လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ လေကြောင်း လိုင်းများ အပြန် အလှန် ပြေးဆွဲရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ဖော်ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေး နွေးကြသည်” လို့ ဆိုထားပါတယ်။ 

တကယ်တော့ မြန်မာဟာ တရုတ်နိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အခြေအနေ အားကောင်းနေဆဲပဲ လို့ ဖော်ပြတဲ့ သင်္ကေတ လည်း ဖြစ်တယ်လို့ တချို့ကလည်း သုံးသပ်နေကြတာပါ။ 





အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles