Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဘယ်လာရုစ်ရောက် မော်ဒယ်လှလှ ခင်ဝင့်ဝါ မဲဆွယ်နေပါတယ်

$
0
0
 ~







နိုင်ငံရေးသမားတွေမှ မဲဆွယ်တာ မဟုတ်ပါဘူး။
အလှမယ်တွေလည်း မဲဆွယ်နေပါပြီ။

Miss Supranational ပြိုင်ပွဲဝင်ဖို့ ဘယ်လာရုစ်ကို ရောက်နေတဲ့ မော်ဒယ် ခင်ဝင့်ဝါက သူ့ကို အွန်လိုင်းကနေ မဲပေးကြဖို့ Facebook ကနေ အသိပေးထားပါတယ်။



http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286

 link လေးကို ဖွင့်ပြီး photo အောက်မှာရှိတဲ့ လေးကို click နှိပ်ပေးပါနော်..♥♥♥
နေ့ စဉ်မဲပေးနိုင်ပါတယ်...
 သြဂုတ်လ ၂၆ ရက်နေ့က စပြီး မဲစပေးလို့ ရတာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ၁၂း၀၀ နာရီ အချိန်ထိ မဲပေးလို့ ရပါတယ်...
(Chrome ကနေ မဲပေးပြီးပေမယ့်လည်း Firefox နဲ့ဖွင့်ပြီးမဲ ပေးပါကလည်း မဲပေးလို့ ရ သဖြင့် Browser မတူ ပါက မဲ ထပ်ပေးလို့ ရကြောင်း အသိပေးချင်ပါတယ် ရှင့်.....)



အဲဒါကတော့ မော်ဒယ်လှလှပပရဲ့ မဲဆွယ်ချက်ပါပဲ။

ဒီအစီအစဉ်ကနေ မဲအများဆုံးရရှိသူဟာ အွန်လိုင်းပရိသတ်အကြိုက်ဆုံးဆု ရမယ်
Miss Supranational 2013 သရဖူ ဘယ်သူဆောင်းမယ် ဆိုတာ ရှေ့တပတ် သောကြာနေ့ (စက်တင်ဘာ ၆) မှာ ကြေညာမယ်လို့ သိရပါတယ်။

သရဖူ ရမယ့်သူအတွက် သတ်မှတ်ထားတဲ့ဆုငွေက ဒေါ်လာ သုံးသောင်း လို့ ဆိုပါတယ်။

ဒါ့အပြင်

  • the first runner-up  $10,000
  • the second runner-up $5,000 
  • the third runner-up  $3,000 
ဆိုတဲ့ ဆုတွေရယ်၊ ပရိသတ်အနှစ်သက်ဆုံးဆု၊ ရေကူးဝတ်စုံဆု၊ ညနေခင်းဝတ်စုံဆု၊ အကောင်းဆုံး အဝတ်အစားဆုတွေလည်း ပေးပါမယ် တဲ့။

လတ်တလော ပြိုင်ပွဲမှာ အပြိုင်ကြဲနေတဲ့ ခင်ဝင့်ဝါ ဘာဆု ချိတ်မလဲ။ သိပ်မကြာခင် အဖြေသိရပါမယ်။
သူ ပြိုင်ပွဲဝင်နေကြောင်းကို ဒီဘလော့ http://blog.irrawaddy.org/2013/08/blog-post_8721.htmlမှာ ဖော်ပြခဲ့ပြီးပါပြီ။


Miss Supranational ပြိုင်ပွဲကို ၂၀၀၉ မှာ အစပြုခဲ့တယ်၊ ပထမဆုံး အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့နိုင်ငံကတော့ ပိုလန်နိုင်ငံပါ။


ကနေ့ခေတ် နိုင်ငံတကာမယ်ပြိုင်ပွဲတွေကို မြန်မာပြည်က အလှမယ်တွေ ဝင်ပြိုင်တာ ဒါဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
မနှစ်က ဂျပန်မှာလုပ်တဲ့ မယ်ပြိုင်ပွဲကြီးတခုကို သွားရောက်ယှဉ်ပြိုင်ခဲ့သူကတော့ နန်းခင်ဇေယျာဖြစ်ပါတယ်။
 



.

Viewing all articles
Browse latest Browse all 5236

Trending Articles