Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဆီးရီးယားကို အမေရိကန်က မကြာခင် ၀င်တိုက်ဖွယ်ရှိ

$
0
0
ဒီနေ့အတွက် ကမ္ဘာ့သတင်းတွေမှာ ရှေ့ဆုံးက နေရာယူထားတာကတော့ ဆီးရီးယား အရေးပါဘဲ။ ဆီးရီးယား နိုင်ငံကို အမေရိကန်က နာရီအနည်းငယ် အတွင်း တိုက်ခိုက်ဖွယ် ရှိနေပါတယ်။ 

 ဓာတ်ပုံ- globalresearch.ca

အမေရိကန်ဟာ ဆီးရီးယားကို အချက် ၅ ချက်ကြောင့် ဝင်တိုက်ရပါတော့မယ် လို့ အမေရိကန် အခြေစိုက် CNN သတင်းတပုဒ်က ဆိုပါတယ်။ 

၁။ ကမ္ဘာပေါ်က အခြား အာဏာရှင်တွေလည်း အခုအခင်အကျင်းကို စောင့်ကြည့်နေကြတာ 
၂။ ဓာတုလက်နက်တွေနဲ့ အနာဂတ် စစ်မြေပြင်တွေမှာ အသုံးပြုလာနိုင် 
၃။ ဆီးရီးယားပြည်တွင်းစစ်ဟာ ပိုပို ပျံ့နှံ့လာပြီး အခြေအနေတွေကို ပိုဆိုးလာနေတာ 
၎။ စစ်ရေးအရ အရေးမယူခဲ့ရင် ဆီးရီးယား သမ္မတ အာဆတ်နဲ့ သူ့မဟာမိတ်တွေ အောင်ပွဲခံလာကြမယ် ၅။ အလွန်စက်ဆုပ်မုန်းတီးဖွယ်ကောင်းတဲ့ အခုလို ၀မ်းနည်းကြေကွဲစရာတွေကို မျိုးဆက်သစ်တခုကတော့ ဆက်ပြီး သတိရနေလိမ့်မယ် ဆိုတဲ့ အမေရိကန်ဘက်က အကြောင်းပြချက် ၅ ချက်ပါ။ 

ဆိုလိုတာက သမ္မတ အိုဘားမားကတော့ ကမ္ဘာပေါ်က အာဏာရှင်တွေ နောက်နောင် ဓာတု လက်နက် မသုံး ရေး စဉ်းစားချက်ကို အလေးထားနေပါပြီ။ 

ကုလ သမဂ္ဂရဲ့ ဆီးရီးယားက ဓာတုလက်နက်သုံး၊ မသုံး စုံစမ်းရေး အရာရှိကတော့ ကနဦး အာဆတ်အစိုးရ သုံးတဲ့ လက္ခဏာမတွေ့ရဘူးပြောပေမယ့် ဓာတုလက်နက်အခင်းဖြစ်နေရာကို မရောက်နိုင်သေးပါဘူး။ ဒါပေမယ့် အာဆတ်ရဲ့ ညီဖြစ်သူက ဓာတုလက်နက်နဲ့ ဖြိုခွင်းဖို့ အမိန့်ပေးခဲ့တယ်လို့တော့ သံသယဖြစ်တယ် ဆိုတဲ့ သတင်းတွေနဲ့အတူ အမေရိကန်ကတော့ ဆီးရီးယား အစိုးရဟာ ဓာတုလက်နက်အသုံးပြုခဲ့တာဟာ အခိုင်အမာဖြစ်တယ်လို့ ဆိုထားတာပါ။ 

ဒါကြောင့်လည်း ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ ပြင်ဆင်ပြီးဖြစ်လို့ အမေရိကန်နဲ့ အတူ ဗြိတိန်၊ ပြင်သစ် စ တဲ့ မဟာမိတ်နိုင်ငံတွေက ဆီးရီးယား ရေပိုင်နက်အပါအ၀င် ဆီးရီးယားရဲ့ အရေးပါတဲ့ စစ်ဘက်ပစ်မှတ်တွေ ကို အချိန်တိုတွင်းတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေက ပြောထားပါတယ်။ 

ရုရှားကဆို အမေရိကန်တွေ ဆီးရီးယားကို စစ်ရေးအရ ၀င်တိုက်မယ်ဆိုရင် မလွယ်ကူတဲ့အကြောင်း ထောက်ပြ ပြီး အီရန်ကတော့ အလွန်အန္တရာယ် များတဲ့ ဆိုးကျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့လည်း ပြောတယ်။ 

အမေရိကန် စစ်ဘက် အကြီးတန်း အရာရှိတွေကတော့ ဆီးရီးယားကို ဆင်နွှဲမယ့်စစ်ရေးအရ အရေးယူမှု ဟာ အချိန်တို လေးအတွင်း အပြီးသတ်သွားမှာလို့ ပြောကြပါတယ်။ 

တဖက်မှာလည်း အီရန်အနေနဲ့ သမ္မတ အာဆတ်အလွန် ဆီးရီးယားနဲ့ပတ်သက်တဲ့ အရံအစီအစဉ်တခု လည်း ရှိနေပုံရ ပါတယ်။ 

အမေရိကန်က ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သဘောတူမှု ရယူပြီးမှ ဆီးရီးယားကို စစ်ရေးအရ အရေး ယူမှာလားဆိုတဲ့ မေးခွန်းအပေါ် အမေရိကန်ဘက်က ဘယ်လိုမှ မှတ်ချက်ပေးထားမှု မရှိပါဘူး။ 

လုံခြုံရေး ကောင်စီမှာလည်း ထုံးစံအတိုင်း ရုရှားတို့၊ တရုတ်တို့က ဆီးရီးယားဘက်က ရပ်တည်ပြီး စစ်ရေး အရ အရေးမယူဖို့ ကန့်ကွက်နေကြတာပါ။ 

ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကတော့ ကုလစုံစမ်းရေးမှူးတွေရဲ့ ဆီးရီးယားဟာ ဓာတု လက်နက်သုံး၊ မသုံး ခိုင်မာတဲ့ နောက်ဆုံး တွေ့ရှိချက် ရတဲ့ အထိ ခဏစောင့်ပေးဖို့ တိုက်တွန်း ထားပါ တယ်။ 

ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့အတွက် အမေရိကန်ဘက်ကတော့ ဗြိတိန်၊ ပြင်သစ်က အခိုင်အမာ ရပ်ပြ နေပါတယ်။ သူတို့ကလည်း ဆီးရီးယားကို စစ်ရေးအရ အေ၇းယူမယ်ဆိုရင် အဆင်သင့်ဖြစ်ကြောင်း ပြော ထားပြီး ဖြစ်ပါတယ်။ 

ဆီးရီးယားကို အမေရိကန်က စတင် ၀င်ရောက်တိုက်ခိုက်တာနဲ့ ဆီးရီးယားကလည်း အစ္စရေးကို ပစ်မှတ် ထား တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့အတွက် အစ္စရေးကလည်း ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားပြီး သားပါ။ 

အမေရိကန်ဟာ တချိန်က အီရတ်၊ အာဖဂန် စတဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့စဉ်ကလည်း လက်ဦးမှု ရယူတဲ့ မဟာဗျူဟာ ကို ကျင့်သုံးပြီး လုံခြုံရေး ကောင်စီရဲ့ သဘောတူညီမှုဆုံးဖြတ်ချက်ကို မစောင့်ဆိုင်းခဲ့ပါဘူး။ 

ထူးခြားတာက သမ္မတ အိုဘားမားဟာ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်လည်းဖြစ် ဒီမိုကရက်တစ်ပါတီ ကလည်း ဖြစ် ဆိုတော့ ဆီးရီးယားအရေး ကိုင်တွယ်မယ့် နေရာမှာ အလွန်အကန့်အသတ်ရှိတဲ့ စစ်ရေးအရ အရေးယူ မယ့် ပုံစံ မျိုး အချိန်အလုံ အလောက်ယူနေတာ သတိထားမိပါတယ်။ 

အခြေအနေက စက္ကန့်တံများ တချက်ချက် မြည်သံနဲ့အတူ သမ္မတ အာဆတ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေး မယ့် အချိန်ရောက်လာနေပါပြီ။ 

တကယ်တော့ အမေရိကန်ဟာ တချိန်က သူထောက်ခံအားပေးခဲ့သူတွေနဲ့ ပြန်လည် စစ်ခင်းရလို ဖြစ်နေပြီး တချိန်က ရန်သူတော်များဘက်က ရပ်တည်ပေးတဲ့ လက္ခဏာလည်း ဖြစ်နေသလိုပါ။ 

Znet မှာ ဝေဖန်ရေးသမား မစ္စတာ ရောဘတ် ဖစ်ခ် ( Robert Fisk) ကတော့ ဆီးရီးယား အစိုးရကို တိုက် ရင် အမေရိကန်ဟာ သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် အယ်လ် ကေးဒါးတွေ ဘက်က နေပေးသလို ဖြစ် သွားလိမ့်မယ် ဆိုတာ အိုဘာမား သိသလား လို့ ထောက်ပြထားပါတယ်။ 

ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို နောက်ထပ် အချိုးအကွေ့ ဖြစ်စေမယ့် ဆီးရီးယား အပေါ် အမေရိကန်နဲ့ မဟာမိတ်တွေ စစ်ရေးအရ အရေးယူဖို့ နောက်ဆုံး ဆုံးဖြတ်ချက်အတွက် အချိန်စက္ကန့်တွေက တရွေ့ရွေ့။ 


လင်းသန့် ~

Viewing all articles
Browse latest Browse all 5236

Trending Articles