Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပုံနှိပ်ဥပဒေကြမ်းနဲ့ စာရေးဆရာအသင်း သဘောထား

$
0
0
ကန့်ကွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲခဲ့သော ပုံနှိပ် ဥပဒေ ကြမ်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာရေးဆရာများအသင်းက ကန့်ကွက်ရန် မရှိကြောင်း သဘောထား ထုတ်ပြန်လိုက်ပါတယ်။ 


မြန်မာနိုင်ငံ စာရေး ဆရာများအသင်းရဲ့ ဗဟိုအမှုဆောင်ကော်မတီအနေနဲ့ ယခင် ဥပဒေများနဲ့ နှိုင်းယှဉ်လေ့ လာ ကြည့် တဲ့ အခါမှာ ပုံနှိပ်သူတွေနဲ့ ထုတ်ဝေသူတွေအတွက် ပိုမိုလွတ်လပ် ပျော့ပြောင်းတယ် လို့ လေ့ လာတွေ့ ရှိကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြတဲ့ သဘောထား ကြေညာချက်မှာ ပါရှိပါတယ်။ 


မကြာသေးမီရက်ပိုင်းကပဲ အဆိုပါ ပုံနှိပ် ဥပဒေကြမ်းကို စာပေ ထုတ်ဝေသူနဲ့ ဖြန်ချီသူတွေက ထောက်ခံ
ကြောင်း ကြေညာ ချက်တွေ ထုတ်ပြန်ခဲ့ပါသေးတယ်။ 

အဆိုပါ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာန က ရေးဆွဲ ထားထဲ့  ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းရေး ထောက်ခံချက်ဟာ စာပေထုတ်ဝေရေး လုပ်ငန်းရှင်များကို ကိုယ်စားပြုသော သဘောထား မဟုတ်သဖြင့် ကန့်ကွက်ကြောင်း ရန်ကုန်နဲ့ မန္တလေးမြို့တွေရှိ  စာပေထုတ်ဝေရေး လုပ်ငန်းရှင်တွေက  ပြောဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းဝင်လည်းဖြစ်၊ မန္တလေး ဥတ္တရလွင်ပြင်စာပေတိုက်မှ ထုတ်ဝေသူလည်းဖြစ်သူ ဦးသန်းဋ္ဌေးက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းဟာ ၁၉၆၂ ခုနှစ် ဥပဒေကို ပြန်လည်အသက်သွင်းထားပြီး လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်ကို ထိန်းချုပ်ရန်ကြိုးစား တဲ့ ဥပဒေဖြစ်လို့ လုံးဝလက်မခံနိုင်ကြောင်း ဧရာဝတီကို ပြောပါတယ်။

“စာပေ စိစစ်ရေးကို ဖျက်သိမ်းပြီးတော့ ဒီဥပဒေနဲ့ ပြန်ချုပ်တဲ့ သဘောပဲ။ ပုံနှိပ်ဥပဒေဆိုပြီး ပုံနှိပ်သမား နဲ့ ပြန် လှည့် ချုပ်တာ။ ရေးချင်တာရေးလေ။ ပုံနှိပ်လို့ မရဘူးဆို ဘာလုပ်မလဲ။ အဲဒါကြောင့် မကြိုက်ဘူး။ လုံးဝ လက်မခံဘူး” ဦးသန်းဋ္ဌေးက ဆိုထားပါတယ်။


အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


နာမည်ကျော်နေတဲ့ (Eaint Treasure)အိမ့်ရတနာရဲ့ HD Video


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ယူကေစစ်သံမှူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးနှင့်တွေ့ဆုံ၊


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


သွေးအုပ်စုများ ဖခင်စစ်-မစစ် အငြင်းမပွါး