Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပြန်ကြားရေးနဲ့ စာနယ်ဇင်းကောင်စီ တို့အကြား တချို့သဘောတူညီမှု ရှိဟု ဆို

$
0
0
ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ( ယာယီ)တို့အကြား သဘောထားကွဲလွဲမှုတွေ ဆက်ဆွေးနွေးမယ်ဆိုတဲ့ သဘောတူညီချက် အတိုင်း ဆက်လက်ဆွေးနွေးခဲ့ရာ တချို့ကို ညှိနှိုင်း သဘော တူညီမှု ရရှိခဲ့တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်ကဆိုပါတယ်။


သြဂုတ် ၁၂ ရက်နေ့  ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသော ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်၊ 
ဓာတ်ပုံ- Steve/ဧရာဝတီ


"တွေ့ဆုံ ဆွေးနွေးရာတွင် သဘောထား ကွဲလွဲနေသည့် ၁၄ ချက်အား နှစ်ဘက် ညှိနိုင်းဆွေးနွေး သဘော တူညီချက် ရရှိခဲ့ပြီး ကျန်ရှိနေသည့် အချက် (၃) ချက်အပေါ် လွှတ်တော်တွင် ဆက်လက် ဆွေးနွေးဆောင် ရွက် သွားကြမည်ဖြစ်ကြောင်း" လို့ ပြန်ကြားရေး ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ 


ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့် ဦးစီးသော တာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) ဥက္ကဌ ဦးခင်မောင်အေး ဦးစီးတဲ့အဖွဲ့တို့ဟာ ရန်ကုန်မြို့၊ ယုဇန တာဝါ ရှိ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) ရုံးခန်းမှာ ဩဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်း က၊ မြန်မာ
နိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲတင်သွင်းမည့် သတင်းမီဒီယာ ဥပဒေကြမ်း အပေါ် နှစ်ဘက် ကြား သဘောထား ကွဲလွဲချက် (၁၇) ချက်နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါ တယ်။ 

သြဂုတ်လ ၁၂ ရက်နေ့က ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ( ယာယီ) တို့အကြားဆွေးနွေးခဲ့တုန်းက တိကျတဲ့အဖြေမထွက်ခဲ့ကြပါဘူး။ 

အဲဒီနောက် စာနယ်ဇင်း ကောင်စီ နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့လည်း တွေ့ဆုံပြီး တစုံတရာ အဆင်ပြေခဲ့တယ်လို့ ပြောလို့ရပါတယ်။ 



အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles