Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြစ်ဆုံမှာ ကျင်းပတဲ့ မြစ်များနေ့

$
0
0
မြစ်ဆုံဒေသကို ရောက်နေကြတဲ့ တေးရေး၊ တေးဆို ကိုရဲလွင် ဦးဆောင်တဲ့ ပန်းရဲ့လမ်းအဖွဲ့သား တွေ၊ မြစ်ဆုံ စီမံကိန်းကြောင့် နေရပ် က စွန့်ခွာပေးခဲ့ရလို့ နေရပ်ပြန်နေထိုင်လိုတဲ့ ဒေသခံတွေ၊  ဧရာဝတီမြစ် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရေး ကြိုးပမ်းလှုပ်ရှားသူတွေ၊ ဦးနေမျိုးဇင်တို့ အဖွဲ့တွေ၊ ငြိမ်းချမ်းရေး ကြိုးပမ်းလှုပ်ရှားသူတွေ စုစည်းပြီး ဒီကနေ့ မတ်လ ၁၄ ရက်နေ့မှာ မြစ်များနေ့ဆိုပြီး မေခနဲ့ မလိခ မြစ်ဆုံဘေးနားမှာ ယနေ့ မနက် ၉ နာရီကျော်က ကျင်းပကြပါတယ်။

" ဒီမှာဖျော်ဖြေရေးအဖွဲ့တွေနဲ့ ကျနော်တို့က ဒီကနေ့ မြစ်ဆုံဘေးနားလေးမှာ ကျင်းပတဲ့ ဒေသခံတွေ၊ အသင်းတော်က ဆရာတွေ စုစုပေါင်းလူ ၄၀ လောက်နဲ့ မြစ်များနေ့ ကျင်းပနေတာပါ" လို့ အဆိုပါဒေသကို ရောက်နေတဲ့ ကိုနေမျိုးဇင်က ဧရာဝတီကို ပြောပါတယ်။

ကိုရဲလွင်အပါအ၀င် ပန်းရဲ့လမ်း ဖျော်ဖြေရေးအဖွဲ့တွေ၊  မြစ်ကြီးနားဒေသခံတွေနဲ့ ဧရာဝတီမြစ်စောင့်ရှောက်ရေး ကြိုးပမ်း သူတွေ၊ ရန်ကုန်ကနေ လိုင်ဇာကို ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေဟာ ဒီကနေ့ မတ်လ ၁၄ ရက်နေ့ညမှာတော့ မြစ်ကြီးနား မနောကွင်းကြီးမှာ မီးပုံပွဲတွေ လည်း ကျင်းပသွားဖို့ ရှိပါတယ်။

ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေး လမ်းလျှောက် သူတွေကတော့ ဒီညပိုင်းမှာ ရွှေညောင်ပင် တပ်မတော်စခန်း ရှိရာဆီကို မရောက်ရောက်အောင် လမ်းလျှောက်သွားမှာဖြစ်ပြီး အဲဒီမှာ ညအိပ်ရပ်နားကာ မနက်ဖြန် မနက်ပိုင်း မှာ လိုင်ဇာကို ဆက်လက်ထွက်ခွာမယ်လို့ သိရပါတယ်။

 မြင်းခြံဘက်က ငြိမ်းချမ်းရေးလမ်းလျှောက်လာသူတွေကို စစ်တပ်က တားဆီးပိတ် ဆို့ထားမှု ၅ ရက်ကြာပြီးနောက် လမ်းကြောင်းခွင့်ပြုလိုက်လို့လိုင်ဇာဒေသကိုတော့ ရောက်ရှိသွားပြီဖြစ်ပါတယ်။

အခု ငြိမ်းချမ်းရေး လမ်းလျှောက်သူများရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်နေကြောင်းလည်း ကိုနေမျိုးဇင်က ဧရာဝတီကို ပြောပါတယ်။

မနက်ဖြန်မှာတော့ စစ်တပ်က ထွက်ခွာခွင့်ပေးမယ့်အပေါ် မူတည်ပြီး လိုင်ဇာကို ဆက်လက်ထွက်ခွာမှာဖြစ်တယ်လို့ သူက ဆက်ပြောထားပါတယ်။

အခုထိတော့ ဘာမှ အနှောက်အယှက် မရှိသေးကြောင်းလည်း သူက ပြောပါတယ်။


အိမ့်သံစဉ် ~


ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ လိုင်ဇာကို ရောက်လာပြီး ညအိပ်ရပ်နားစဉ်အခိုက်ပါ၊ ဓာတ်ပုံများ- နေမျိုးဇင်

ကိုရဲလွင် ဦးဆောင်တဲ့အဖွဲ့ကလည်း ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေကို အခုလို အားပေးဖို့ ရောက်လာခဲ့ပါတယ်။

ကိုရဲလွင်၊ ကိုနေမျိုးဇင်အပါအ၀င် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေကြသူတွေ ကချင်မနောမြေအရောက်




 

Viewing all articles
Browse latest Browse all 5236

Trending Articles