Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အရပ်ရှည်လွန်းတဲ့သူ စင်္ကာပူမှာ ကုသမှုခံယူ

$
0
0
 ~


 
မြန်မာပြည်သားများထဲမှာ အရပ်အမြင့်ဆုံးလို့ ယူဆရတဲ့ ကိုဝင်းဇော်ဦးက ၈ ပေ နီးပါး မြင့်ပါတယ်။

 သူ့အရပ် ၇ ပေ ၈ လက်မ မြင့်ပါတယ် တဲ့ အစိုးရသတင်းစာမှာ ရေးထားပါတယ်။ 
 




မြန်မာပြည်အတိုင်းအတာနဲ့ ဆိုရင် သူက တပါးသူထက် ခေါင်းတလုံးမက ပိုပြီး မြင့်သူပေါ့။
သူက ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇာတိဖြစ်တဲ့ နတ်မောက်မြို့က ဖြစ်ပါတယ်။

အသက် ၃၈ နှစ် ရှိပြီ၊ ထုံးပေါက်ချိုင်းကျေးရွာမှာ မိဘများနဲ့ အတူနေတယ်၊ နှမ သုံးယောက် ရှိတယ်၊ ကိုဝင်းဇော်ဦးတယောက်တည်းပဲ ထူးထူးခြားခြားအရပ်ရှည်နေတာလို့ ဆိုပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်း အလွန်အမင်း ကြီးထွားတဲ့ ရောဂါရှိတယ်လို့ ယူဆရတဲ့အတွက် အခုတော့ သူ   စင်ကာပူနိုင်ငံမှာ သွားရောက်ကုသမှု ခံယူနေပါပြီ။

 မြန်မာနဲ့စင်္ကာပူက အလှူရှင်တွေရဲ့ အကူအညီနဲ့ ဆေးသွားကုတာပါလို့ AFP သတင်းတပုဒ်မှာ ရေးထားတာ တွေ့ရပါတယ်။

ကုသမှုအခြေအနေ ဘယ်လောက်အထိ ဖြစ်ထွန်းမှု ရှိတယ်ဆိုတဲ့ သတင်းတွေ ရရင် ထပ်မံ ရေးသား ဖော်ပြပေးပါမယ်။

ဆက်စပ် -
အရပ်အမြင့်ဆုံး ထိုင်းအမျိုးသမီး 
http://blog.irrawaddy.org/2012/09/blog-post_9738.html

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles