Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ချောကလက်ရောင်မိုးကြိုးကို မြန်မာ့စပါးကြီး အနိုင်ယူ

$
0
0
 ~ 

  “Burmese Python” လို့ ထင်ရှားတဲ့ ကချင် တိုင်းရင်းသား အောင်လအင်န်ဆန်း စနေနေ့က အမေရိကန် လက်ဝှေ့ထိုးသတ်ပွဲတခုမှာ နိုင်ပွဲရလိုက်ပြန်ပါပြီ။ 

 


 သူ့ပြိုင်ဘက်ကတော့ Shedrick Goodridge ဖြစ်တယ်လို့ ဧရာဝတီ သတင်းတပုဒ်မှာ ရေးထားပါတယ်။
နာမည်ပြောင်က Chocolate Thunder ဖြစ်ပါတယ်။ ချောကလက်ရောင်မိုးကြိုး လို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။

အပြည့်အစုံကို http://www.irrawaddy.org/archives/42275မှာ ဖတ်နိုင်ပါပြီ။

ထိုးသတ်ကြတဲ့နေရာကတော့ နယူးဂျာစီပြည်နယ် အက်တလန်တစ်မြို့မှာပါ။ အောင်မြင်မှုရဖို့ ဘုရားသခင်က ကြည့်ရှုစောင်မခဲ့လို့ ကျေးဇူးတင်ကြောင်း သူ့ Facebook မှာ ရေးထားပါတယ် တဲ့။
မိတ်ဆွေတွေ၊ မိသားစု၊ ပရိသတ်တွေကိုလည်း သူ့ကို အားပေးလို့ ကျေးဇူးတင်ကြောင်း ရေးထားပါတယ်။

မြစ်ကြီးနားဇာတိ အောင်လအင်န်ဆန်းက အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာ နေတယ်၊ သူ ကျွမ်းကျင်တဲ့ MMA တိုက်ခိုက်နည်းကို
http://blog.irrawaddy.org/2012/02/blog-post_9422.html မှာ ဖတ်နိုင်ပါတယ်။

ကိုးကား  ‘Burmese Python’ Beats ‘Chocolate Thunder’ in MMA Showdown
http://www.irrawaddy.org/archives/42275 

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles