Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာပြည်နဲ့ ISO

$
0
0
-

 ပြည်ပရောက်မြန်မာများ အထူးသဖြင့် စင်ကာပူရောက်မြန်မာတတ်သိပညာရှင်များက စင်ကာပူမှာဆို ISO, QS, OHSAS နည်းစနစ် ကျကျလုပ်ကိုင်ပုံတွေ၊ သန့်ရှင်းသပ်ရပ်မှု၊ စီးပွားလစာကောင်းမှု၊ နောက်ဆုံး လူ့အခွင့်အရေးရှိတယ်ကွ.. ဒီမှာဆို ကားဒရိုင်ဘာက လမ်းလျှောက်တဲ့လူကို ဦးစားပေးရတယ်..စသဖြင့်ပြောကြသည်။

 
 ရန်ကုန်အလည်ပြန်တော့ ..ဟာကွာ...ဘာညာ..စသဖြင့် မြန်မာပြည်၏ အားနည်းချက်များကို ရယ်မောစရာဖြစ်အောင် လဘက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ကပွဲသဘင်များတွင် စကားပြောတော့ပစ် ဖြစ်ရသည်။ ကျနော်လည်း ထိုကဲ့သို့သော လူတန်းစားထဲမှ တစ်ယောက်ဖြစ်သည်။ ၉၀ ရာနှုန်းသော စင်ကာပူရောက်၊ အမေရိကားရောက် မြန်မာ အချင်းချင်းတွေ့လျှင် မြန်မာပြည်အကြောင်းပြောကြသည်။ မြန်မာအချင်းချင်းတွေ့လျှင် မသိချင်ယောင်ဆောင်ခဲ့ကြသည်။ အတင်းလာ နှုတ်ဆက်ခံရသောအခါ ရှက်ရှက်နှင့် ဟုတ်ကဲ့၊ ကျနော်ဗမာပါ..ဟု ပြောရသည်။

ကျနော်တို့သည် နှိုင်းယှဉ်ခြင်းဖြင့် ကြီးပြင်းလာခဲ့ရသည်။ ပတ်ဝန်းကျင်ရှိလူများကို နှိုင်းယှဉ်ရင်း၊ ကျေးညီနောက်ပုံပြင်ကဲ့သို့ ဘုန်းကြီး ကျောင်းရောက်ရှိ ကြီးပြင်းလာသောကျေးငယ် ယဉ်ကျေးသော စကားများပြောတတ်သလို၊ ဓါးပြများကျွေးမွေးကြီးပြင်လာသည့် ကျေးငယ် သည် ရိုင်းစိုင်းသောစကားများ တတ်သည်။ နှစ်ပေါင်း၅၀ စစ်အာဏာရှင်စရိုက်နှင့် ကြီးပြင်းလာသော ကျနော်တို့ မြန်မာပြည်သားများသည် ခေါက်ရိုးကျိုးနေသဖြင့် ပြည်ပမှ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများကို စာတွေ့ကျွမ်းကျင်သော်လည်း လက်တွေ့တွင် လုံးဝ၊ လုံးဝ မဖြစ်နိုင် သေးပါ။ ထိပ်ဆုံးပိုင်း ဝန်ကြီးအဆင့်ပင်လျှင် စားဝတ်နေရေးမလုံလောက်ပါက ဝန်ကြီးတာဝန်ကို ထမ်းဆောင်ဖို့ ခက်မည်ဖြစ်သည်။

Quality Control ရှိရန် ကမ္ဘာ့စံညွှန်းများကို အထူးသဖြင့် အသက်၃၀ပတ်ဝန်းကျင် လူငယ်များက လက်တွေ့လေ့ကျင့်ရမည်ဖြစ်သည်။ မြန်မာ့စီးပွားလုပ်ငန်းများ တဟုန်ထိုးတိုးတက်ဖို့ တာစူနေရာတွင် ISO 9001, ISO 14001 နှင့် နောက်ဆုံးပေါ် OHSAS 18001 တို့ကို မိမိ တတ်နိုင်သမျှ မိမိအလုပ်တွင် ကျင့်သုံးရန် ရည်ရွယ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကြေးနီစီမံကိန်းကို စုံစမ်းစစ်ဆေးရာတွင် ဝမ်းပေါင်တရုပ်ကုမ္မဏီက အိုင်အက်ဟို၊ အိုရှားများနှင့် ကိုက်ညီသည်ဟု ဆိုသည်။ တရုပ်ပြည်၊ ယူနန်နယ်မှ အစိုးရအသိမှတ်ပြုစာကို ကိုင်တွယ်ထားသည်။ အနောက်နိုင်ငံများသို့ ရောင်းချမည့်ကုန်ပစ္စည်းမဟုတ်သဖြင့် တရုပ် အိုင်စက်အိုများက အိုကေလျှင် ပြီးပြီဖြစ်သည်။ မြန်မာများက စင်ကာပူ၊ ဂျပန်၊ အမေရိကန်၊ အီးယူ ISO, OHSAS များက ဘယ်လို၊ ဘယ်ညာ ပြောနေစရာအကြောင်းမရှိပါ။ သို့သော် ဂျပန်၊ အီးယူ၊ အမေရိကား သို့ ပို့မည့်ကုန်ပစ္စည်းများအတွက် စက်ရုံ၊ အလုပ်ရုံငယ်များအတွက် ထိုနိုင်ငံ Standard များက Certify အသိမှတ်ပြုရန်လိုပါသည်။ စင်ကာပူအစိုးရအသိမှတ်ပြု Safety Officer တစ်ဦးဖြစ်သူ ဦးအေးငြိမ်း (B.E Mechanical 1986) သည် အိုရှားအိတ်တီးသောင်ဇင် အခန်းဆက်ဆောင်းပါး(၄)ခုကို သူ၏ဘလောက်တွင်ဖတ်နိုင်ပါသည်။

 http://shwenyein.blogspot.sg/2013/03/ohsas-18001_22.html   ၊

စင်ကာပူတွင် အစိုးရအသိမှတ်ပြု သင်တန်းများပို့ချ လုပ်ကိုင်စားနေသော EQS Solutions Pte Ltd မှ ဂျပန်မြေအောက်လှိုင်ဂူ၊ ရထားလမ်းများဆောက်သူ ဂျပန်ကုမ္ပဏီ ပင်တာအိုးရှင်းဆူပါဗိုက်စာများကို ပို့ချချက် အကျဉ်းကိုလည်း အောက်ပါလင့်မှရယူနိုင်ပါသည်။

http://mingalaronline.biz/attitude/stories/ISO9001.ISO14001.IHSAS18001.by.EQS.Solution.Pte.Ltd.pdf

အထက်ပါ ရေးသားချက်များသည် နှစ်ပေါင်းများစွာ လက်တွေ့လုပ်ခဲ့သူများ၏ ပို့ချချက်ဖြစ်သဖြင့်၊ ဖတ်ရုံဖြင့် မရပါ။ ဖတ်ပြီးလက်တွေ့ လုပ်ငန်းခွင်တွင် ကျင့်သုံးရန်၊ မလွယ်ပါ။ တကယ်လုပ်သူများ၏ လာရောက်ပို့ချ၊သင်ကြားမှုများကို ခံယူရဦးမည်ဖြစ်သည်။

ဆရာအောင်သင်း စာပေဟောပြောပွဲတစ်ခုတွင် အယ်ဇေးရှင်းစစ်ခွေးများ အမိန့်ပေးလျှင် ကြောက်မက်ဖွယ်ကောင်းအောင် တိုက်ခိုက်ကာ၊ ရပ်ဟုဆိုလျှင် ဘာမှမဆိုင်သလိုနေသည်ကို အံ့သြမိသည်။ လေ့ကျင့်စခန်း ဗိုလ်ချစ်မောင်ကို ဗမာခွေးတွေလည်း ဒီလိုဖြစ်အောင်သင်ပေးလို့ရနိုင်မလား..ဟုမေးသောအခါ ဗိုလ်ချစ်မောင်က ဗမာခွေးကသင်လျှင်ပိုပြီးတတ်လွယ်ကြောင်း၊ ခက်တာက ဗမာခွေးသည် စိတ်မပါ လျှင်မလုပ်ကြောင်း၊ စစ်မြေပြင်တွင် စိတ်မပါလို့မလုပ်တာမျိုးမရှိရ၊ အမိန့်နာခံတတ်ဖို့အရေးကြီးကြောင်း၊ ဗမာခွေးကို မျိုးဆက် ၅ ဆက်ခန့် လေ့ကျင့်ပေးရန်လိုသည် ..ဟု ပြောပြခဲ့သည်။ ဗမာခွေးကဲ့သို့ တကယ်ဇတ်လမ်းများစွာ လူတိုင်းမှာရှိကြတယ်။ တကယ်တော့ ကျနော် ကိုယ်တိုင်လည်း ဗမာခွေးပုံစံဖြစ်ပါသည်။ စိတ်မပါလျှင်မလုပ်သည့်အပြင်၊ အထက်အရာရှိနှင့်ဆက်ဆံရေးလည်း သိပ်မကောင်းလှပါ။ ဗမာများသည် အသိဥာဏ်မြင့်မားသောကြောင့် လူသည်ခွေးထက် အဆများစွာသာမည်ဖြစ်၍ မျိုးဆက်တစ်ဆက်နှင့် လူကြီးများကနမူနာပြ လေ့ကျင့်ပေးလျှင်ရနိုင်မလား စဉ်းစာမိသည်။ အောက်ပါ ဂျပန်စိတ်ဓါတ်အကြောင်း အတုယူစရာ ဦးဆွီတင်ပေးပို့သောမှတ်သားဖွယ် ဖိုင် လေးတစ်ခုကို အချိန်ပေးနိုင်ပါက ဖတ်ကြည့်ပါရန်။

http://mingalaronline.biz/attitude/stories/japan.well-kept.secrets.pdf

● မြန်မာပြည် ကမ္ဘာနှင့်ယှဉ်နိုင်ရန်
မြန်မာ့ကုန်ပစ္စည်းများ ကမ္ဘာ့ဈေးကွက်သို့ ဈေးကောင်းကောင်းရောင်းချနိုင်ရန်၊ နောက်ဆုံး မြန်မာပြည်ပေါက် လူသားများ (မြန်မာ နိုင်ငံသားများ) ကမ္ဘာ့အလယ် နာမည်ကောင်းရရန်အတွက် ထိပ်ဆုံးခေါင်းဆောင်သည်၊ စိတ်ဓါတ်မြင့်မြတ်ရမည်ဖြစ်သည်။ ကနေဒါမှမြန်မာ လူမျိုး၊ ခရစ်ယာန်ဓမ္မဆရာတစ်ဦး Rev David Lah တရားဟောသည်ကို ကျနော် နားထောင်ဖူးသည်။ ဘုရားကျောင်း တစ်ခုတွင် သင်းအုပ်ဆရာသည် အရေးကြီးသည်။ သင်အုပ်ဆရာတိုင်း ဝိညာဉ်ရေး Spiritual Talk တရားဟောကောင်းပါသည်။ သို့သော် လက်တွေ့ သင်းအုပ်ဆရာက လူများကိုကူညီတတ်လျှင် အသင်းသားများလည်း အကူညီပေးတတ်ကြသည်။ သင်းအုပ်ဆရာက ဗဟုသုတကြွယ်လျှင် အသင်းသားများလည်း ဗသုသုတကြွယ်ဝကြသည်။ သင်းအုပ်ဆရာက ငွေမက်လျှင်၊ အသင်းသားများလည်း ငွေမက်ကြသည်။ သင်းအုပ်ဆရာက အစားသော်မက်လျှင် အသင်းသားများလည်း အစားသောက်မက်ကြသည်..ဟုဆိုသည်။ ဟုတ်ပါသည်။ ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၊ န.အ.ဖ အစိုးရ ဒို့အရေးတာဝန်များသည် စာရွက်ပေါ်တွင် အလွန်ကောင်းသည်။ ဒါတွေလုပ်နေတာကွ ..ဟု နှုတ်ထွက်စကားကလည်း အလွန်ကောင်းပါသည်။ သို့သော် လက်တွေ့တွင် အချင်းချင်း နှိပ်ကွပ်၊ အနိုင်ကျင့်နေသော စစ်အာဏာရှင်စရိုက်ဆိုးများက လွှမ်းမိုးနေသဖြင့် နှစ်၅၀တွင် မြန်မာပြည် ယခုကဲ့သို့ဖြစ်သွားခြင်းကို လူတိုင်းနားလည်ပါသည်။

သို့သော် နောင်တရှိမှ တိုးတက်မည်ဖြစ်သည်။

အချို့က တောင်းပန်ရမည် ပြောကြသည်။ လက်စားချေလိုသူ လူနည်းစုကလည်း ရှိသေးသည်။ အချို့က မတောင်းပန်ရင်လဲ..ဝမ်းနည်းပါ တယ်..လို့ ပြောခံလိုကြသည်။

ပြောနေသည်ထက် လက်တွေ့ ခေါင်းဆောင်ပိုင်းက နိုင်ငံပြုပြင်ပြောင်းလဲမှုကို အကောင်ထည်ဖေါ်မှုများကို ကြည့်ရမည်ဖြစ်သည်။ အရိုးစွဲ နေသော အကျင့်များကို ဖျောက်နိုင်သောသူသည် အနည်းဆုံး မိမိဘဝ အောင်မြင်မည်ဖြစ်သည်။


ရွှင်လန်းချမ်းမြေ့ပါစေ ..။

ဇော်အောင် (မုံရွာ)

မိုးမခ http://moemaka.com/မှာ ဖော်ပြထားတဲ့
ဇော်အောင် (မုံရွာ)ရဲ့အိုင်အက်အို၊ အိုရှား ဘာလဲဟေ့ဆောင်းပါးကို ကူးယူ ဖော်ပြပါတယ်။ 

.

Viewing all articles
Browse latest Browse all 5236

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ကူဖော်လောင်ဖက်(လူမင်း၊ဇင်ဝိုင်း၊အိချောပို၊မြင့်မြင့်ခိုင်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်