Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြောက်ကိုရီးယားငရဲခန်းများအကြောင်း ထွက်ဆိုကြမယ်

$
0
0
-


မြောက်ကိုရီးယားကနေ ထွက်ပြေးခဲ့ရသူတွေ၊ ထိန်းသိမ်းရေးစခန်းကနေ အရှင်ထွက် ထွက်လာနိုင်သူတွေ တက်ရောက်တဲ့ ကုလသမဂ္ဂ ကြားနာပွဲကို ရှေ့တပတ်ထဲ ပြုလုပ်ပါမယ်။
လူ့အခွင့်အရေးချိုးဖောက်ခံရ၊ နှိပ်စက်ခံရတယ်၊ ကွပ်မျက်မှုတွေ ရှိတယ် ဆိုတဲ့ ပြောဆိုချက်များနဲ့ ပတ်သက်ပြီး ကြားနာကြ ထွက်ဆိုကြမှာပါ။
 



ဒီလို ပြုလုပ်ထားခြင်းအားဖြင့်မြောက်ကိုရီးယားအစိုးရခေါင်းဆောင်တွေကို တချိန်ချိန်မှာ ခုံရုံးတင်နိုင်ဖို့ ရည်ရွယ်ပါတယ် တဲ့။

ကြားနာကြတဲ့အခါ ကုလသမဂ္ဂ အရာရှိ ဆယ်ဦးရဲ့ ထောက်ခံချက် ရရှိထားတဲ့ တသီးပုဂ္ဂလ စုံစမ်းရေးသမား သုံးဦး ရှိနေပါမယ်။
စွပ်စွဲမှုများနဲ့ပတ်သက်တဲ့ ကြားနာမှုတွေကို ဆိုးလ် နဲ့ တိုကျိုမြို့တို့မှာ ပြုလုပ်ပါမယ် တဲ့။
အစားအသောက် လုံလောက်အောင် မပေးခြင်း၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း အစရှိတဲ့ အမှုများကို ကြားနာပါလိမ့်မယ်။

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ အရေးယူမှုနဲ့ ကြုံခဲ့ဖူးပါတယ်။ နျူကလီးယားလက်နက်များနဲ့ ပတ်သက်လို့ အရေးယူတာပါ။
အခုတော့  လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး ပထမဆုံး အနေနဲ့ နိုင်ငံတကာ ကျွမ်းကျင်သူများရဲ့ စစ်ဆေးမှုကို ခံရတော့မှာ ဖြစ်ပါတယ်။
လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ရာဇ၀တ်မှု ဟုတ်မဟုတ် စစ်ဆေးနိုင်ခွင့်အာဏာ စုံစမ်းရေးသမားတွေကို ပေးထားပါတယ် တဲ့။

ဒီခြေလှမ်းတွေဟာ မြောက်ကိုရီးယားခေါင်းဆောင်တွေကို တရားစွဲနိုင်မယ့် ရှေ့ပြေး အစီအစဉ်တွေပါပဲ။
မြောက်ခေါင်းဆောင်တွေဘက်ကတော့ သူတို့အပေါ် စွပ်စွဲထားချက်တွေကို အကြိမ်ကြိမ် ငြင်းပါတယ်။

သတင်း အပြည့်အစုံကို ဧရာဝတီ စာမျက်နှာhttp://www.irrawaddy.org/archives/42139မှာ ဖတ်နိုင်ပါပြီ။

မြောက်ကိုရီးယား အကျဉ်းစခန်းများကနေ အရှင်ထွက် ထွက်လာသူတွေဖြစ်တဲ့ Shin Dong-hyuk နဲ့ Kim Hye-Sook တို့လည်း ဒီကြားနာမှု အစီအစဉ်မှာ အစစ်ဆေးခံကြဖွယ် ရှိပါတယ်။

အထက်ပါ ဓာတ်ပုံမှာ တွေ့ရသူကတော့ Shin Dong-hyuk  ပါပဲ။

သူ့ရဲ့ အကျဉ်းစခန်း ဖြစ်ရပ်များ နဲ့ မြောက်ကိုရီးယား ငရဲခန်းကနေ ထွက်ပြေးလွတ်မြောက်လာပုံတွေကို
ရန်ကုန်မြို့အခြေစိုက်  မော်ကွန်း လစဉ်ထုတ် မဂ္ဂဇင်းမှာ အခန်းဆက် ဖော်ပြနေပါတယ်။ ခေါင်းစဉ်က - အကျဉ်းစခန်း အမှတ် ၁၄ မှ ထွက်ပြေးလွတ်မြောက်ခြင်း ဖြစ်ပါတယ်။
ဘာသာပြန် ဖော်ပြချက်ကို မော်ကွန်းကနေ ခွင့်တောင်းပြီး ဒီ ဧရာဝတီ ဘလော့မှာ တင်ပြဖို့ အစီအစဉ် ရှိပါတယ်။
 

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


မြန်မာညစ်ညမ်းဗီဒီယို ထုတ်လုပ်မှု ရဲတပ်ဖွဲ့ စတင်စုံစမ်းစစ်ဆေး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


လာဘ်ပေး ရန်မလို


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


ဆီးချိုကျ ဆေးနည်းတွေထဲက အလွယ်ဆုံးနဲ. ထိရောက်တဲ့နည်း မျှဝေလိုက်ပြီ


လုလုအောင် HD အသစ်


♪ ဂစ်တာတီးခတ်နည်းစာအုပ်များစုစည်းမှု (မြန်မာလိုစာအုပ်များ) ♫


မြန်မာမာရီယိုဂိမ်း