Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် နေရပ်ရင်းပြန်မည်

$
0
0




 ~


အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သူယူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပါဠိဘာသာလက်ရေးမူစာအုပ်ကို ရေနံချောင်း အထက်တန်းကျောင်းအုပ်ဆရာမကြီးထံ ပြန်လည် အပ်နှံလိုက်ပါတယ် တဲ့။



စာအုပ်ကို သိပ်မကြာသေးခင်က ဦးခင်အောင်မြင့် ရေနံချောင်းက အဲဒီ စာသင်ကျောင်းကို ရောက်ရှိစဉ် ယူဆောင်သွားတာပါ။
အဲဒီကျောင်းဟာ ဗိုလ်ချုပ်အောင်ဆန်း  ငယ်စဉ်က ပညာသင်ကြားခဲ့တဲ့ကျောင်းပါ။


NLD ရဲ့ Facebook စာမျက်နှာမှာ ဒီကနေ့ ဓာတ်ပုံများနဲ့တကွ ဖော်ပြထားတာကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
မူရင်းသတ်ပုံအတိုင်း ကူးယူ ဖော်ပြပေးခြင်း ဖြစ်ပါတယ်း)

"တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မွန်းလွဲ ၁၂ နာရီ က ကျင်းပသည့်ဗိုလ်ချုပ်အောင်ဆန်း၏ ပါဋိဘာသာလက်ရေးမုစာအုပ်အား အမျိုးသားလွှတ်တော်ဥက္ကဌ ဥိးခင်အောင်မြင့်မှ ရေးနံချေင်းမြို့မိ၊ မြို့ဖများနှင့်အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ပါဝင်သောအဖွဲ့အား အမျိုးသားလွှိတ်ာတော်ဧည့်ခန်းမဆောင်တွင် လွဲပြောင်းပေးအပ်ခဲ့သည်။



ယင်းအခမ်းအားသို့ အမျိုးသားလွှတ်တော်ဒုဥက္ကဌ ဦးမြငြိမ်းနှင့် အမျိုးသားလွှတ်တော်ကော်မတီ တာဝန်ရှိ ၁၅ ဦးတက်ရောက်ခဲ့သည်။



ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖေဖေ့လက်ရေးမူစာအုပ်နဲ့ပါတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ရှင်းပြခဲ့တဲ့ သဘေားထားများကို သိရှိရတဲ့အတွက် ကွဲလွဲချက်တွေနဲ့ ပတ်သက်ပြီး နှစ်ဖက်လုံးက တစ်ဖက်နှင့်တဖက်အမြင်မဆောင်းဘဲငြိမ်းချမ်းစွာဖြေရှင်းပြီး ကွဲလွဲချက်များကို ဆွေးနွေးတာတွေ့ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်
နောက်တခုက ဒီစာအုပ်နဲ့ပတ်သက်ပြီး သမိုင်းအထောက်အထားပြုနိုင်ရန် လေ့လာမှုများ သိပံ္ပနည်းကျစမ်းသက်သုတေသနပြုလုပ်ရန်အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် လေ့လာရန်လိုအပ်နေတာကိုတွေ့ရတယ်၊



ကျောင်းအုပ်ဆရာမကြီးရဲ့တင်ပြချက်ကို အခြေခံပြီး ဦးခင်အောင့်မြင့်ရှင်းပြတာကလဲ သူကိုယ် ယဉ်ကျေးမှုဝန်ကြီး ဌာနမှာ ၅ နှစ် တာဝန်ထမ်းဆောင် ခဲ့တဲ့အတွက် သမိုင်းဝင်ပစ္စည်း ပျက်စီးဆုံးရုံးသွားမှာကို ထိန်းသိန်းစောင့်ရှောက်ဘို့ ဥက္ကဌ ကြီးရဲ့အင်္ကြပြုချက်များဟာ ကောင်းမွန်တယ်ဟုမိမိယူဆပါတယ်ဟုပြောကြားခဲ့သည်"
 

ဆက်စပ် -
ဗိုလ်ချုပ် လက်ရေးမူစာအုပ်ကိစ္စ နောက်ဆက်တွဲများ 
http://blog.irrawaddy.org/2013/07/blog-post_6153.html
.

Viewing all articles
Browse latest Browse all 5236