Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စားသောက်ဆိုင်မှာ ခုံရဖို့ Facebook ကနေ ဘွတ်ကင်လုပ်မယ်

$
0
0

စားသောက်ဆိုင်မှာ ဘွတ်ကင်လုပ်ဖို့၊ စားပွဲနေရာဦးဖို့ အစီအစဉ်ကို Facebookက ကူညီပါတော့မယ် တဲ့။
Facebook ဆိုတော့ အွန်လိုင်းကနေ ကူညီမှာပေါ့။
နေရာဦးမယ့်သူကလည်း အွန်လိုင်းကနေ အကူအညီ တောင်းရပါမယ်။


ဒါဟာ အွန်လိုင်းလူမှုကွန်ရက်မှာ ဗိုလ်စွဲနေတဲ့ Facebook က မိုဘိုင်းဖုန်းဆိုင်ရာ ဝန်ဆောင်မှုကို တိုးချဲ့ရေးအလုပ်ကို ဆက်လုပ်တဲ့အစီအစဉ်ပါပဲ လို့ ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။

အနောက်တိုင်းမှာတော့ လူအများအပြား ဆိုင်မှာ သွားစားကြတယ်၊ မိုဘိုင်းဖုန်း ရှိကြတယ်၊ အခုဆို Facebook သုံးလာကြပါပြီ၊ ဒါကြောင့် Facebook က ဒီဆက်စပ်မှုကို အသုံးချဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါလိမ့်မယ်။

OpenTable Inc (OPEN.O) ကနေတဆင့် သွားမယ့် အစီအစဉ်လို့ ဆိုပါတယ် - အဲဒီ OpenTable ဆိုတာက အနောက်တိုင်းမှာ စားသောက်ဆိုင်တွေ နဲ့ သူတို့ဖောက်သည်တွေကြား ဘွတ်ကင်လုပ်ရေးကိစ္စမှာ အွန်လိုင်းကြားခံပစ္စည်း အဖြစ် အသုံးတော်ခံပါတယ်။

ဒီလို အကျိုးဆောင်မှုအတွက် OpenTable က ၀င်ငွေ ကောင်းနေပါတယ်။ သူတို့ဆီမှာ လူတိုင်း မဟုတ်တောင် အတော်များများက  OpenTable ကို သုံးကြတာပါ။

အခုတော့ ဆိုခဲ့သလိုပဲ ... ဖေ့ဘုတ်က OpenTable ကတဆင့် ဘွတ်ကင်လုပ်ရေးအကျိုးဆောင်မှုမှာ တွဲလုပ်ပါတော့မယ်။ သို့သော်လည်း ဖေ့ဘုတ်က ဘယ်ရွေ့ဘယ်မျှ အကျိုးဆောင်ခ ယူမယ် ဆိုတာ မသိရသေးဘူးလို့ သတင်းတွေမှာ ရေးထားကြပါတယ်။

ဟိုတလောကပဲ သူတို့က ဗီဒီယို အတိုလေးတွေ
Instagram မှာတင်နိုင်၊ ရှယ်နိုင်တဲ့ အစီအစဉ် လုပ်ခဲ့ပါသေးတယ်။ ဒီအကြောင်း ဧရာဝတီ ဘလော့မှာ Facebook ရဲ့ ၁၅ စက္ကန့် ရုပ်သံခြေလှမ်း 
http://blog.irrawaddy.org/2013/06/facebook_29.htmlဖတ်နိုင်ပါတယ်။

စီးပွားရေးအကွက်မြင်တဲ့ဖေ့ဘုတ်လူကြီးမင်းများလို့ ဆိုရပါမယ်။
ကိုယ့်ပရိသတ်ကို ထိန်းနိုင်တဲ့ဖေ့ဘုတ်လူကြီးမင်းများလို့လည်း ဆိုနိုင်ပါတယ်။

ကိုယ့်ပရိသတ်ကို ဆွဲထားဖို့၊ ပရိသတ်သစ် မျိုးဆက်သစ်တွေကို သိမ်းသွင်းဖို့ဖေ့ဘုတ်က မအိပ်မနေ ကြိုးပမ်းနေကြပုံရပါတယ်။
ဒီလို ၀ါယမ စိုက်ပါမှပဲ ဒီကနေ့ခေတ်မှာ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။
ဖေ့ဘုတ်လူကြီးမင်းများက ဒီစိတ်ကူးကို စားသောက်ဆိုင်သွားဖို့ ဘွတ်ကင်လုပ်ရင်း စိတ်ကူးရသွားကြပုံပေါ်ပါတယ်။သူတို့ဆီကဆိုင်တွေမှာ ဘွတ်ကင်လုပ်တဲ့ယဉ်ကျေးမှုက တော်တော်လေး ထွန်းကားပါတယ်။ ဒီအကြောင်း အလျဉ်းသင့်တဲ့အခါ ဧရာဝတီဘလော့မှာ ရေးပါဦးမယ်။
 
 



.

Viewing all articles
Browse latest Browse all 5236

Trending Articles