Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

"ရှင်ဘယ်နေရာရောက်နေတုန်း၊ ရှင့်ကို စောင့်နေတယ်" - နန်းခင်ဇေယျာ

$
0
0
လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ အချိန်တိုအတွင်း အင်တာနက်သုံးစွဲသူ မြန်မာတွေရဲ့ အားပေးမှုနဲ့ နာမည်ကြီး လာရင်း သရုပ်ဆောင်၊ ကြော်ငြာ မင်းသမီး ဖြစ်လာသူ နန်းခင်ဇေယျာက သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဓာတ်ပုံ ၂ ပုံနဲ့တကွ  စာသားတချို့ကို ရေးသားထားပါတယ်။ 


"ရှင် ဘယ်နေရာ ရောက်နေတုန်း၊ ရှင့်ကို စောင့်နေတယ်" ဆိုပြီး နန်းခင်ဇေယျာက မင်္ဂလာ သတို့သမီး ၀တ်စုံနဲ့ တကိုယ်တည်း စောင့်ဆိုင်းနေပုံကို သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ထားပါတယ်။



နန်းခင်ဇေယျာက ချစ်သူ မရှိလို့လား၊ ချစ်သူ ရှိရဲ့နဲ့ အဲဒီချစ်သူကို ရည်ညွှန်းပြောဆိုတာလား ဆိုတာတော့ သူ့ ရဲ့ ရေးသား ဖော်ပြချက်က မရှင်းလင်းပါဘူး။



သူတင်ထားတဲ့ ပို့စ် အောက်မှာ တချို့ ကွန်မန့်တွေမှာလည်း မင်းအတွက် အဆင်သင့်ရှိတယ်တို့ ၊ ဘာတို့ ရေး ထားတာတွေလည်း တွေ့ရသလို ငါကတော့ အမေရိကန် ပြည်ထောင်စုမှာမို့ နောက်ကျမယ်လို့ ရေးထားတာ လည်း ရှိလေရဲ့။ 

ဘာမှ မရည်ရွယ်ပဲ အပျော်သဘောနဲ့ နောက်တာပါလို့ နန်းခင်ဇေယျာက တင်ထားတာဆိုရင်တော့ မျှော်လင့်နေ သူ မောင်မောင်၊ ကိုကိုတွေလည်း ရင်ကျိုးရမယ် ထင်ပါရဲ့။ 



အိမ့်သံစဉ် ~  




Viewing all articles
Browse latest Browse all 5236

Trending Articles