Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာ့ ပထမဆုံး မိုဘိုင်းဖုန်း-အင်္ဂလိပ်စာ ပို့ချမှု စတင်

$
0
0
မြန်မာနိုင်ငံဟာလည်း နည်းပညာပိုင်းမှာ အရင်ကထက် ခေတ်မီတိုးတက်လာနေပါပြီ။ 
အခုဆိုရင် မြန်မာနိုင်ငံက မိုဘိုင်းဖုန်း အသုံးပြုသူတွေ အင်္ဂလိပ်စာသင်ခန်းစာတွေ ကို မိုဘိုင်းဖုန်းမှတဆင့် သင်ယူနိုင်ပြီလို့ သိရပါတယ်။ 

 ဓာတ်ပုံ- အိမ့်သံစဉ် ( ဧရာဝတီ ) ~

မိုဘိုင်းဖုန်းကနေ အင်္ဂလိပ်စာ လေ့လာလိုသူတွေအတွက် Urban English ကို Blue Ocean နဲ့ URban Planet Mobile Deucation Service တို့က ပူးပေါင်းပြီး မတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်ရှိ Park Royal ဟိုတယ်မှာ ၀န်ဆောင်မှုကို အသိပေးပွဲ ကျင်းပခဲ့တာကို ယနေ့ ထုတ် ကြေးမုံသတင်းစာမှာ 
ဖော်ပြထားပါတယ်။

Urban English ရဲ့ ၀န်ဆောင်မှုထဲမှာ အခြေခံ အဆင့် ၁၊ ၂၊ ၃ ဆိုပြီး အဆင့် ခွဲထားတယ်လို့ သိရပါတယ်။  စီးပွားရေး၊ လူမှုရေး ဆိုတဲ့ ကဏ္ဍတွေ ခွဲထားပြီး TOEFL ကဏ္ဍကိုလည်း လေ့လာနိုင်အောင်စီစဉ်ထားတယ် လို့ ဆိုပါတယ်။ 

ကဏ္ဍ တခုစီတိုင်းမှာ သင်ခန်းစာပေါင်း ၆၀ မှ ၉၀ အထိ ပါဝင်ကြောင်းနဲ့ အခြေခံ သင်ခန်းစာ တခု ကျသင့် 
ငွေ  ကျပ် ၅၀၊  သင်ခန်းစာပေါင်း ၆၀ အတွက် ကျသင့်ငွေ ကျပ် ၃,၀၀၀ ဈေးနှုန်းနဲ့ ၃ လအတွင်း  နှစ်သက် သလို လေ့လာနိုင်တဲ့အခွင့်အလမ်း ရှိတယ်လို့ ဆိုပါတယ်။ 

ဖုန်း- ၀၁-၂၃၉ ၉၈၇၆ ကို ခေါ် ဆိုပြီး Native Speaker များ ပို့ချတဲ့ မိုဘိုင်းဖုန်း အင်္ဂလိပ်စာကို သင်ယူနိုင်ပါပြီတဲ့။

အခုလို မိုဘိုင်းဖုန်းကတဆင့် အချိန်ကုန်သက်သာ၊ ငွေနဲ့ လူ သက်သာစေတဲ့ အင်္ဂလိပ်စာ သင်ယူလေ့လာ နိုင်မှု ဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး လည်းဖြစ်ပါတယ်။





Viewing all articles
Browse latest Browse all 5236

Trending Articles