Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကိုရီယား မင်းသား လီဗြောင်ဟွန်း လက်ထပ်လိုက်ပါပြီ

$
0
0
ကမ္ဘာတလွှားက ကိုးရီးယား လှိုင်းရယ်လို့ ပြောကြတဲ့ တောင်ကိုရီးယား ရုပ်ရှင်လောကမှာ အကောင်းဆုံး နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေထဲက တဦးဖြစ်ပြီး မြန်မာ ပရိသတ်တွေ ရင်းနှီး ပြီးသား ဖြစ်တဲ့ ( Iris ) မင်းသား လီဗြောင်ဟွန်းဟာ စနေနေ့ကပဲ ရုပ်ရှင် သရုပ်ဆောင် မင်းသမီး လီမင်ဂျောင်နဲ့ လက်ထပ်လိုက် ပါပြီ။ 

မင်းသား လီဗြောင်ဟွန်နဲ့ မင်းသမီး လီမင်ယန်း၊ ဓာတ်ပုံ- The Straits Time

အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ မင်းသား လီဗြောင်ဟွန်းက သူ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီး သတင်းထောက်တွေ ကို ပြောတာမှာ “အိပ်မက်တွေက အခုတော့ တကယ်ဖြစ်လာခဲ့ပါပြီ” လို့ ပြောခဲ့ပါတယ်လို့ အေအက်ဖ်ပီ သတင်း တပုဒ်မှာ ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ တင်ပြထားပါတယ်။



တကယ်တော့ မင်းသား လီဗြောင်ဟွန်းဟာ သူနဲ့ လက်ဆက်ထိမ်းမြားမယ့် မင်းသမီးလီနဲ့က နှစ်ရှည်လများ ချစ်သူတွေ အဖြစ်နဲ့ လက်တွဲခဲ့ကြတာပါ။ 

မင်္ဂလာပွဲကျင်းပတဲ့ နံနက်ပိုင်းက လျှပ်စီးတွေလက်၊ မိုးတွေခြိမ်းခဲ့ တာကြောင့် ကိုရီယား ရှေးလူကြီးတွေ အဆိုအရ ဒါဟာ မင်္ဂလာဦးအတွက် နမိတ်ကောင်းလို့ ဆိုတာကြောင့် သေတပန်သက်တဆုံး ပျော်ရွှင်စွာ 
ရွှေလက် တွဲရမှာ မုချဖြစ်တယ်လို့ သတို့သမီး လီက ပြောပါတယ်။ 



စိတ္တဇ လူသတ်သမားဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေ အသိများတဲ့ သတို့သား လီဗြောင်ဟွန်းဆိုတာ ကိုရီးယား တီဗွီ ဇာတ်လမ်းတွဲတွေမှာ နာမည်ကြီး မင်းသား တယောက်လည်းဖြစ်တာ အထူးပြောပြနေစရာ မလိုပါဘူး။ 



အလားတူ သတို့ သမီး လီကလည်း Boys Over Flowers ဆိုတဲ့ အထက်တန်း ကျောင်းသား ဘ၀တွေကို အခြေခံ ရိုက်ကူး တဲ့ တီဗွီ ဇာတ်လမ်းတွဲမှာ လူသိများသူ တယောက်ဖြစ်လာခဲ့တာပါ။ 


အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles