Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လားရှိုးမှာ စည်ကားခဲ့တဲ့ သီရိသျှီဝရှန်ခိုက် ဘုရားပွဲ

$
0
0



 ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ မန်ပန်ရွာအနီး  အောင်တော်မူ သီရိသျှီဝရှန်ခိုက် ဘုရားပွဲကို ယခုလ ၈  ရက်နေ့မှ ၁၀ ရက်နေ့ထိ အထူးစည်ကားစွာ ကျင်းပခဲ့သည်။

ပွဲတော်သို့ အနယ်နယ်ရပ်မှ ဟိန္ဒူဘာသာဝင်များ၊ ဂေါ်ရခါးလူမျိုးများ၊ နိုင်ငံခြားသား ဧည့်သည်များ တရက်လျှင်  နှစ်သိန်းကျော်ခန့်လာရောက်ပြီး ဘုရားဖူးမျော်ကြကြောင်း ရှန်ခိုက်ဘုရား ဂေါပက အဖွဲ့ဝင်တဦးက ခန့်မှန်းပြောဆိုသည်။

   -   ရောက်ရှိလာသည့် ဘုရားဖူး ဧည့်သည်များ အဆင်ပြေစေရန် နားနေဆောင်များ တည်းခိုဆောင်များ အခမဲ့ စီစဉ်ထားရှိပေးထားကြောင်း၊
- နေ့စဉ် ဘုရားဖူး ဧည့်သည်များအား ထမင်းအခမဲ့ကျွေးမွေးဧည့်ခံကြောင်း၊ 
- တရက်လျင် ဆန်အိတ် (၁၅၀) ကျော်ခန့်ကုန်ကြောင်း၊
- သုံးရက်ပေါင်း ဆန်အတ် (၅၀၀) ခန့် လှူဒါန်းနိုင်ကြောင်း  ကိုအောင်မြင့် (ခ) ကိုအာနန်းက ရှင်းလင်းပြောဆိုသည်။

 လူစည်ကားနေခြင်းသည် ရှန်ခိုက်ဘုရားသည် ဆုတောင်းပြည့်သည်၊ တန်ခိုးကြီးသည်ဟု နာမည်ကြီး ထင်ရှားခြင်း၊ မြန်မာပြည်တွင်းသာမက နီပေါ၊ အိန္ဒိယ အထိ ထင်ရှားခြင်းတို့ကြောင့် ဖြစ်ကြောင်း ယင်းက ထပ်လောင်းပြောဆိုသည်။

       ရှန်ခိုက်ဘုရားသည် ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေး လားရှိုး မီးရထားလမ်း မန်းခွဲ နှင့် နန်းမျှော်ဘူတာ အကြား ယခု ရှန်ခိုက်ဘုရားဘူတာအနီးတွင် တည်ရှိကြောင်း သိရသည်။

- ၁၉၀၃ ခုနှစ် ဗြိတိသျှ အစိုးရ လက်ထက် မီးရထားလမ်းဖောက်စဉ် ယခု ရှန်ခိုက်ဘုရားရှိရာအရောက်တွင် ရထားသံလမ်းအတွက် ကျောက်များ တူးဖော်ရာတွင် ယင်းနေရာတွင် သွေးများ ပန်းထွက်လာကြောင်း၊
- အူရ်ဒီးယားအနွယ်ဝင် ဟိန္ဒူအလုပ်သမား တဦးအား သီရိသျှီဝ ဘုရား၏ အိပ်မက်ပေးမှုကြောင့် သျှီဝဘုရားရုပ်သင်္ကေတကို မဟာပိန္နဲဘုရားက ဦးချ ဂါရ၀ပြုသည်ကို တွေ့မြင်ရပြီး ဘုရားကျောင်းတော် တည်ဆောက်ကိုးကွယ် ခဲ့ကြောင်း၊
- ရှန်ခိုက်ဘုရားတွေ့မြင်ရသောနေ့သည် မဟာသျှီဝရာတြီနေ့ဖြစ်သဖြင့် မဟာသျှီဝရာတြီ ပူဇော်ပွဲ နှစ်စဉ် ကျင်းပခဲ့ကြောင်း၊ 
- ၁၉၀၃ ခုနှစ်မှ  ယနေ့တိုင် ကျင်းပနေဆဲဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင်များက ပြောသည်။

ဘုရားပွဲမြင်ကွင်းအထွေထွေကို ဖော်ပြလိုက်ပါသည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~

















Viewing all articles
Browse latest Browse all 5236

Trending Articles