Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဟီရိုရှီးမား အဏုမြူဗုံးကြဲခံရတဲ့ နှစ်လည်နေ့ ဂျပန်မှာ ကျင်းပ

$
0
0
-


 ဟီရိုရှီးမားမြို့ အဏုမြူဗုံးနဲ့ အဖျက်ခံရတဲ့ နှစ်ပတ်လည်နေ့ အမှတ်တရ အစီအစဉ်ကို ဂျပန်နိုင်ငံက ဒီကနေ့မှာ ကျင်းပပြီး နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် နည်းလမ်းရှာဖွေမယ်လို့ ပြောလိုက်ပါတယ်။


အဏုမြူဗုံးဒဏ်ကို ကမ္ဘာမှာ ပထမဆုံး ခံရတဲ့ ဟီရိုရှီးမားမှာ လုပ်တဲ့ ဒီမနက် အခမ်းအနားမှာ ချိုးဖြူငှက်တွေ လွှတ်ကြပါတယ် (ဓာတ်ပုံ -  Reuters / Kyodo)

ဟီရိုရှီးမား ဆိုတာ လွန်ခဲ့တဲ့ ၆၈ နှစ် ဒုတိယကမ္ဘာစစ်အတွင်း အဏုမြူဗုံး အကြဲခံရတဲ့မြို့ ဖြစ်ပါတယ်။

ဖျက်အားပြင်းဗုံးကြောင့် သေဆုံးသူပေါင်း တသိန်းခွဲနီးပါး ရှိပါတယ်။ အဲဒီမှာ ဗုံးကြဲပြီး ၃ ရက်အကြာမှာ နာဂါဆာကီမှာလည်း အလားတူ ကြဲခံရလို့ အများအပြား သေဆုံးရပါတယ်။
ဒါနဲ့ပဲ ဂျပန်လည်း လက်နက်ချလိုက်ပါတယ်။

 နှစ်ပတ်လည်နေ့ အမှတ်တရအစီအစဉ်ကို တက်ရောက်တဲ့ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက -
အဏုမြူလက်နက်ဒဏ်ကို  ခံလိုက်ရတဲ့ တခုတည်းသောတိုင်းပြည်ဖြစ်တဲ့ ဂျပန်ဟာ နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် နည်းလမ်းရှာဖို့ တာဝန်ရှိတယ်လို့ ပြောလိုက်ပါတယ်။

ဒါကတော့ ဧရာဝတီ ပင်မ စာမျက်နှာမှာ ရေးထားတဲ့ သတင်းပါ။

ဒီအကြောင်း အပြည့်အစုံကို http://www.irrawaddy.org/archives/41376မှာ ဖတ်နိုင်ပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles