Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ABSDF နဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး

$
0
0
၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( ABSDF) နှင့် မြန်မာအစိုးရတို့အကြား ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရပါတယ်။ 

ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်းတို့ လက်ဆွဲနှုတ်ဆက်နေစဉ်၊ ဓာတ်ပုံ- Nyo Ohn Myint

"ဒီမနက်မှာပဲ ABSDF နဲ့ အစိုးရတို့  ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးလိုက်ကြ ပါတယ်"ဟု ၈၈ မျိုးဆက် ခေါင်းဆောင် ဦးမြအေးက ဧရာဝတီကို ပြောပါတယ်။ 

ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာတွင် ဥက္ကဋ္ဌ ရဲဘော် သံခဲ ဦးဆောင်တဲ့ ABSDF ကိုယ်စားလှယ်အဖွဲ့နဲ့ ၀န်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်တို့ ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး 
ဖော်ဆောင်ရေး အဖွဲ့ တွေ့ပြီး ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး လိုက်ကြတာ 
ဖြစ်ပြီး အသိသက်သေအဖြစ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူအဖွဲ့အစည်းမှ ခေါင်းဆောင်များ ဖြစ် ကြတဲ့ ဦးမင်းကိုနိုင်နှင့် ဦးမြအေးတို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ဦးမြအေးက ဧရာဝတီကို ပြောပါ တယ်။ 


အဆိုပါ အပစ်အခတ်လက်မှတ်ရေုးထိုးပွဲကို မြန်မာတပ်မတော်ဘက်က တာဝန်ရှိ ပုဂ္ဂိုလ်များ၊ လွှတ်တော်မှ တာဝန်ရှိသူတချို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

 အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles