Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကိုမိုးသီးဇွန်ရဲ့ ဒုတိယမြောက် ပြည်တော်ပြန် ခရီး

$
0
0
ရှစ်လေးလုံးကာလ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမိုးသီးဇွန်ဟာ မနေ့က ဒုတိယ အကြိမ်မြောက် ပြည်တော်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ အပြန်ခရီးဟာ အခက်အခဲ နည်းနည်းလေးတော့ ရှိခဲ့ ပုံပေါ်ပေမယ့် အဆင်ပြေပြေ ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ 


 လာရောက်ကြိုဆိုသူများကို လက်ဝှေ့ယမ်းနေတဲ့ ကိုမိုးသီးဇွန်၊ ဓာတ်ပုံ- Zay Ya

သူ အနေနဲ့ ပြည်တော်မပြန်ခင် သမ္မတ အကြံပေး တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ရန်ကုန်လေဆိပ်မှာ ကိုမိုးသီးဇွန်ကို ၉၆၉ တွေက ဆန္ဒပြဖို့ ရှိတာနဲ့ လာကြိုမယ့်သူတွေ ရှိတာကို အသိပေးအကြောင်းကြားခဲ့ တယ်လို့ ကိုမိုးသီးဇွန်က ဧရာဝတီကို ပြောပါတယ်။ 

“ဒါက ဒီမိုကရေစီပဲလေ၊ သူတို့ ဆန္ဒပြပိုင်ခွင့် ရှိတာပဲ” လို့ သူက ပြန်လည်ဖြေကြားလိုက်တာ ကို ပြန်ပြော
ပြပါတယ်။ 

ဒါပေမယ့် လာရောက်ကြိုဆိုသူတွေနဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခတော့ မဖြစ်လိုဘူးလို့ သူက ပြန် လည်ပြော ဆိုကြောင်း သိရပါတယ်။ 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ လေဆိပ်ကနေ သူဌေးကြီး ဦးတေဇရဲ့ အဲပုဂံလေကြောင်းလိုင်းနဲ့ ကိုမိုးသီးဇွန်နဲ့ ကိုဇော်ဇော်လှိုင်တို့ ၂ ဦး ယမန်နေ့ ညနေပိုင်း ရန်ကုန် လေဆိပ်အရောက်မှာတော့ လာရောက်ကြိုဆို သူတွေနဲ့ စည်ကားခဲ့ ပါတယ်။ 

လူဘောင်သစ်ပါတီဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ကိုမိုးသီးဇွန် နေထိုင်ကြီးပြင်ခဲ့ရာ မြေ သိမ်းဆည်းမှု ခံခဲ့ရတဲ့ သင်္ကန်းကျွန်းမြို့နယ် မိချောင်းကန် ရပ်ကွက်သူ ရပ်ကွက်သားတွေလည်း လာရောက်ကြိုဆိုခဲ့ကြပါတယ်။ 

ဆန္ဒပြမယ်ဆိုတဲ့ ၉၆၉ တွေလည်း ပြန်သွားသူ ပြန်သွားကြပြီး ကျန်ရှိသူတချို့ကိုတော့ ကိုမိုးသီးဇွန် က နုတ်ဆက်လက်ပြ သွားခဲ့တယ်လို့ သိရပါတယ်။ 

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလ ထင်ရှားသူ ကိုမိုးသီးဇွန်ဟာ လာမယ့် သြဂုတ်လ ၈ ရက်နေ့ထိ ကျင်းပမယ့် ရှစ်လေးလုံး ငွေရတု အခမ်းအနား တက်ရောက်ဖို့ မြန်မာပြည်ကို အမေရိကန်ပြည်ထောင်စု ကနေ သွားရောက်ခဲ့တာဖြစ်ပါတယ်။ 

“ကျနော် ဗီဇာ ၃ လ ရထားပါတယ်” လို့ ကိုမိုးသီးဇွန်က ဧရာဝတီကို ပြောပါတယ်။

အိမ့်သံစဉ် ~ 

Viewing all articles
Browse latest Browse all 5236

Trending Articles