Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သြဂုတ်လထုတ်ဧရာဝတီ

$
0
0
ရှစ်လေးလုံး ၂၅ နှစ်ပြည့်ကာလမှာ ထွက်လာတဲ့ သြဂုတ်လထုတ်ဧရာဝတီမှာ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကို ပြန်လည် သုံးသပ်ခြင်း နဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို တွေ့ရမှာပါ။
 ရှစ်လေးလုံးကို မျက်နှာဖုံး တင်ထားပါတယ်။



မြန်မာပြည်ကို နိုင်ငံတကာလေကြောင်းလိုင်းတွေ လာရောက် ချိတ်ဆက်မှု များပြားလာပုံ၊ မော်တော်ယာဉ်အသစ်တွေဝင်လာချိန် မြန်မာ ၀ပ်ရှော့ဆရာတွေ ဘာလုပ်နေသလဲ ပုံပျက်ပန်းပျက်ဖြစ်လာတဲ့ သံလွင်မြစ်ဒေသ၊ မြန်မာပြည်သား အများအပြား နှစ်သက်ကြတဲ့ နာမည်ကျော် တောင်ပြုံးပွဲ အစရှိတဲ့ အကြောင်းအရာများကိုလည်း ဖတ်ရပါလိမ့်မယ်။

ပြီးတော့ ... ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေချိန် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊  မြန်မာ့စီးပွားရေးနယ်ပယ်ထဲက အထင်ကရ လုပ်ငန်းရှင်ကြီးတယောက်ဖြစ်တဲ့ မစ္စတာ ဆာ့ခ်ျပန်းအကြောင်းလည်း ရေးထားပါတယ်။

စားသောက်ဆိုင်တွေအကြောင်းမှာတော့ ရန်ကုန်က ဆိုင်နှစ်ခုအကြောင်း ဖတ်ရပါလိမ့်မယ်။
ဗဟန်း နဲ့ လသာမြို့နယ်က ဆိုင်နှစ်ခုပါ။

သြဂုတ်လထုတ်ဧရာဝတီကို ဒီကနေ့မနက်က အစပြုပြီး ရန်ကုန်မှာရှိတဲ့ ဖြန့်ချိရေးဌာန/ဆိုင်တွေကို လိုက်ပြီး ဖြန့်နေပါပြီ။



.


Viewing all articles
Browse latest Browse all 5236

Trending Articles