Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နယ်စပ်ကနေ နိုင်ငံခြားသားတွေ မြန်မာပြည်ထဲ အလည်သွားလို့ရပြီ

$
0
0
ထိုင်း-မြန်မာနယ်စပ် တံခါးပေါက်တွေကနေ ထိုင်းနိုင်ငံသားအပါအ၀င် အခြားနိုင်ငံခြားသားတွေ အနေနဲ့ 
မြန်မာပြည် ကို ၀င် ရောက် လည်ပတ်ခွင့် ရှိပါပြီ။ 

ယမန်နှစ်က မြ၀တီ-မဲဆောက် နယ်စပ်ဂိတ် မြင်ကွင်းတခု၊ ဓာတ်ပုံ- အိမ့်သံစဉ်/ဧရာဝတီ

ယခု သြဂုတ်လ ပထမပတ်မှာပဲ ထိုင်း-မြန်မာနယ်စပ် မြို့တွေ ဖြစ်တဲ့ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းတို့ မှာ ရှိတဲ့ နယ်စပ် ၀င်/ထွက် ဂိတ် တွေမှာ မြန်မာနိုင်ငံသို့လာရောက်ခွင့် ဗီဇာ ရပြီးသူ ထိုင်းနိုင်ငံသား အပါအ၀င် အခြား တတိယ နိုင်ငံတွေက လူတွေ အလွယ်တကူ ၀င်ရောက်နိုင်ဖို့ နိုင်ငံကူးလက်မှတ်ကို စက်နဲ့ဖတ်တဲ့ စနစ်ပါ စက်များ တပ်ဆင် ထား ပြီးဖြစ်တယ်လို့ ယနေ့ ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ဖော်ပြထားပါတယ်။ 

အခုလို နယ်စပ်ဂိတ်ကနေ တဆင့် မြန်မာပြည်ကို ၀င်ထွက်သွားလာခွင့်ပြုလိုက်တဲ့အတွက် နိုင်ငံခြားသား 
တွေအနေနဲ့ စရိတ်သက်သက် သာသာနဲ့ မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်နိုင်တာဖြစ်လို့ နယ်စပ် ကတဆင့် နိုင်ငံခြားသားတွေ ၀င်ရောက်မှု များလာနိုင်ပြီး နိုင်ငံအတွက် ၀င်ငွေလည်း ပိုရလာနိုင်ပါတယ်။ 

အခုလို နယ်စပ် ကတဆင့် မြန်မာနိုင်ငံတွင်းကို နိုင်ငံခြားသားတွေ ၀င်ထွက်သွားလာခွင့်ပြုတာ ဟာ ပြည်ထဲရေး ၀န်ကြီး ဌာနရဲ့ ယခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့က ကြော်စာစာအရ အကောင် အထည်ဖော်တာဖြစ်ပြီး နိုင်ငံခြားသား ခရီးသွား တွေကို အခါအားလျော်စွာ ထုတ်ပြန်တဲ့ ကန့်သတ်နယ်မြေ
တွေကို သွားရောက်တာကို တားမြစ်ထားပေမယ့် ကျန် နယ် မြေအားလုံးကို သွားလာခွင့်ပြုတယ်တို့လည်း ကျိုင်းတုံ ခရိုင် ရဲတပ်ဖွဲ့မှူးကို ကိုးကားပြီး နိုင်ငံပိုင် သတင်းစာက ဆိုပါတယ်။ 

အခုလို မြန်မာ ဗီဇာရပြီးသူ နိုင်ငံခြားသာတွေကို နယ်စပ်တံခါးတွေက တဆင့် မြန်မာနိုင်ငံတွင် ၀င်ထွက် သွားလာခွင့် ပြုလိုက်တဲ့အတွက် ခရီးသွား ကုမ္ပဏီတွေအတွက် အဆင်ပြေသွားမှာဖြစ်သလို ရှမ်းပြည်နယ် အပါအ၀င် နယ်စပ်ဒေသ တွေမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလည်း တိုးတက်လာပြီး ဒေသခံတွေအတွက် အလုပ်အကိုင်၊ အခွင့်အလမ်း၊ ၀င် ငွေတွေ တိုးလာဖို့ ရှိသွားပါတယ်။ 

ဒီအပြင် ကုန်စည်စီးဆင်းမှုလည်း အရင်ကထက် ပိုမိုချောမွေ့မြန်ဆန် သက်သာသွားတော့မယ်လို့ ခန့်မှန်း ရပါတယ်။ 



အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles