Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဆိုတေး သတိလစ်နေတာ နှစ်ပတ်ကျော်သွားပြီ

$
0
0

မန္တလေးမှာ ဆေးရုံမှာ သတိလစ်နေတဲ့  နာမည်ကျော်တေးသံရှင် ဆိုတေး  တကြိမ်တခါမှ သတိပြန်လည်လာခြင်း မရှိသေးကြောင်း သူ့အဒေါ်ဖြစ်သူကို ကိုးကားပြီး ဒီတပတ်ထုတ် စောင့်ကြည့်/News Watch ဂျာနယ်မှာ ရေးထားပါတယ်။


"ဆိုတေးက မျက်လုံးလည်း မပွင့်သေးဘူး၊   စကားလည်း မပြောနိုင်သေးဘူး၊   နောက်  ခေါင်းခွဲရတယ်ဆိုတဲ့ သတင်းကလည်း မဟုတ်သလို ခေါင်းမှာလည်း ဘာဒဏ်ရာမှ မရပါဘူး။ မျက်နှာမှာ ဒဏ်ရာလေးတွေကို အမာရွတ် မကျန်ခဲ့အောင် ချုပ်ရိုးလေးတွေ ချုပ်ထားတာပါ" လို့ အဒေါ်ဖြစ်သူက ပြောဆိုကြောင်း အင်္ဂါနေ့ (ဇူလိုင် ၃၀) ရက်စွဲနဲ့ ထုတ်တဲ့ စောင့်ကြည့်ဂျာနယ်မှာ ဖော်ပြထားတာပါ။

ဒီလ - ဇူလိုင်လ ၁၄ ရက်နေ့က 
ရန်ကုန် – မန္တလေး အဝေးပြေး ကားလမ်းမှာ ဆိုတေးတို့ရဲ့ကား တိမ်းမှောက်ခဲ့ပါတယ်။ ၁ ဦး သေဆုံးပြီး ဆိုတေးအပါအ၀င် ၃ ဦး ဒဏ်ရာရပါတယ်။
ဒါကြောင့် ဆိုတေး သတိလစ်နေတာ နှစ်ပတ်ကျော်သွားပါပြီလို့ ဆိုရပါမယ်။

ဒဏ်ရာရသွားတဲ့ တခြား ၂ ယောက်ရဲ့ အခြေအနေကို မသိရသေးပါ။

ယာဉ်မတော်တဆမှုအပြီး သေဆုံးသွားတဲ့ မချောချော ခေါ် မ၀င့်ကုဋေသူဟာ ဆိုတေးရဲ့ ဇနီးသည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ ကြော်ငြာတခုမှာ တွေ့ရပါတယ်။ အဲဒီကြော်ငြာကို ဆိုတေးရဲ့ ဖခင် ဦးတင်မြင့်က ထည့်သွင်းခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက သထုံမှာ လက်ထပ်ခဲ့တာဖြစ်တယ်လို့ ကြော်ငြာမှာ ရေးထားပါတယ်။




.


Viewing all articles
Browse latest Browse all 5236

Trending Articles