တူရကီနိုင်ငံ Trabzon မြို့မှာ ရှိတဲ့ သက်တမ်းရင့် ခရစ်ယာန်ဘုရားကျောင်းတခုကို မူဆလင်တို့ရဲ့ ရာမဒန်ဥပုသ်လ ဘာသာရေးအစီအစဉ်တွေအတွက် ဒီလဆန်းပိုင်းမှာ သုံးခဲ့တယ် လို့ နိုင်ငံတကာ သတင်းများမှာ ရေးထားပါတယ်။

ဒီရှေးဟောင်းဘုရားကျောင်းကို ဗလီအဖြစ် အသွင်ပြောင်းခြင်းဟာ ဒါ... ဒုတိယမြောက် အစီအစဉ်ပါ။
ဒီမြို့ကို အော်တိုမန်အင်ပါယာ သိမ်ပြီးနောက်မှာ ဒီကျောင်းက ဗလီ အဖြစ် အသွင်ပြောင်း အသုံးပြုခဲ့တာ နှစ်ပေါင်း ၄၀၀ ၀န်းကျင် ရှိတယ်၊ ၁၉၆၄ မှာ ပြတိုက် အဖြစ် အသွင်ပြောင်းပါတယ်။
အခုတော့ ဗလီ ပြန်ဖြစ်တော့မယ့်သဘောပါ။
အီကော်နောမစ် အွန်လိုင်းမှာတော့ ...
ဒီလို အသွင်ပြောင်းမှုကြောင့် ခရစ်ယာန်တို့ရဲ့ အတိတ်သမိုင်းကြောင်းကို ဖျက်လိုဖျက်ဆီးလုပ်တာပဲ ဆိုတဲ့ ဒေသခံ သမိုင်းဆရာတယောက်ရဲ့
အပြောကို ကိုးကား ရေးထားပါတယ်။
Trabzon မြို့မှာ ဗလီတွေ အလုံအလောက် ရှိတယ်၊ အဲဒီထဲက တ၀က်လောက်မှာ လူရှိတာ မဟုတ်ဘူး။ ဘာအတွက် ဗလီ လိုနေတာလဲ လို့ သူက ဆက်ပြောပါတယ်။
ဗလီအဖြစ် အသွင်ပြောင်းခြင်းကို ဥပဒေကြောင်းအရ ဟန့်တားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
.