Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဘုန်းကြီးကျောင်းတွေ ဟိုတယ် ဖြစ်လာတော့မလား

$
0
0

ဘုန်းကြီးကျောင်းများသည် မြန်မာနိုင်ငံ၏ ဟိုတယ်ကြီးများ ဖြစ်တော့မည်လောဟု အမေရိကန်အခြေစိုက် အွန်လိုင်းသတင်းစာမျက်နှာ Huffington Post က ယမန်နေ့က မေးခွန်းထုတ်လိုက်သည်။

ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် နိုင်ငံခြားသားတိုးရစ်များ ညအိပ် တည်းခိုနိုင်ပြီဟု သတင်းတွင် ရေးထားသည်။

"အခုလတ်တလော အဆင်ပြေအောင် ညောင်ရွှေမှာ မြို့မရန်ကုန်ကျောင်းတိုက် ဘုန်းကြီးကျောင်းကို  ဟိုတယ်ခရီးဝန်ကြီး ဌာနနဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံခြားသားတွေကို ယာယီ တည်းခိုနိုင်အောင် လုပ်ပေးထားရတယ်" ဟု ဟူသော မြန်မာတိုင်း(မ်) အပတ်စဉ်ထုတ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် တောင်ကြီးဟိုတယ်ဇုန် ဒုဥက္ကဋ္ဌ ဦးဝင်းဦးတန်၏ ရှင်းပြချက်ကို Huffington Post က ကိုးကားဖော်ပြထားသည်။

ဤသို့ ခွင့်ပြုခြင်းသည် မည်သည့်ကာအထိ ဖြစ်မည်၊ တည်ဆောက်ဆဲဟိုတယ်များ ဧည့်သည်လက်ခံနိုင်ချိန်တွင် ဘုန်းကြီးကျောင်းများတွင် ပြည်ပဧည့်တည်းခွင့် ဆက်ပြုမည် မပြုမည် ဆိုသည်တို့ကိုမူ သတင်းတွင် ရေးထားခြင်း မရှိချေ။

ပြည်ပဧည့် အဆက်မပြတ် ၀င်နေသည့် မြန်မာပြည်တွင် ဟိုတယ် လုံလောက်ခြင်း မရှိ၊ ဟိုတယ် အခန်းငှားခ အဆက်မပြတ် တက်နေသည် စသည့် သတင်းစကားများကို ကြားကြရမည်ဖြစ်သည်။

ဟိုတယ်၊ မိုတယ်များတွင်သာ နိုင်ငံခြားဧည့် လက်ခံနိုင်ပြီး တည်းခိုခန်းများတွင် လက်ခံခြင်း မပြုရန် အစိုးရက ကန့်သတ်ထားဆဲဖြစ်သည်။

ထိုကန့်သတ်ချက်ကို ဖျက်သိမ်းခြင်း၊ လူနေအိမ်များတွင် နိုင်ငံခြားဧည့် တည်းခိုခွင့်ပြုခြင်း စသည်တို့ကို အာဏာပိုင်တို့က ဆောင်ရွက်ပေးပါက ဘုန်းကြီးကျောင်းများ ဟိုတယ်အဖြစ် ဘ၀ပြောင်းသွားခြင်းရန်မှ ကာကွယ်နိုင်မည် ဖြစ်သည်။

ဟိုတယ်သည် ၀န်ဆောင်မှုလုပ်ငန်း ဖြစ်ပြီး ဘုန်းကြီးကျောင်းများသည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားသည့် ဌာန၊ အဆောက်အအုံ ဖြစ်သည်။

ပြည်တွင်းဧည့်များ ဘုန်းကြီးကျောင်းတွင် တည်းခိုသည်မှာ မြန်မာပြည်အနှံ့ တွေ့ရသည့် မြင်ကွင်းများ ဖြစ်သည်။

သို့သော်လည်း ယဉ်ကျေးမှုမတူသော ပြည်ပဧည့်များ ဘုန်းကြီးကျောင်းတွင် တည်းခိုပါက ယဉ်ကျေးမှု၊ ဝန်ဆောင်မှု၊ ငွေကြေးကိစ္စတို့နှင့် ပတ်သက်ပြီး ပြဿနာသစ်များ သေချာပေါက် ပေါ်ထွက်လာဖွယ်ရှိသည်။

ပြည်ပဧည့်များကို ညောင်ရွှေရှိ ဘုန်းကြီးကျောင်းသို့ ပို့မည့်အစား ထိုဒေသရှိ လူနေအိမ်များသို့ ပို့ခြင်းမပြုရသည့်အကြောင်းရင်းကို မသိရသေးချေ။

နိုင်ငံအများအပြားတွင် ခွင့်ပြုသကဲ့သို့ လူနေအိမ်တို့တွင် နိုင်ငံခြားဧည့် တည်းခိုခွင့်ပြုရေး အစီအစဉ်ကို လွှတ်တော်တွင် မကြာမီ ဆွေးနွေးလာကြဖွယ်ရှိသည်။
မိုးမခ မီဒီယာ http://moemaka.com/?p=33011 ကနေ ကူးယူ ဖော်ပြပါတယ်။



Viewing all articles
Browse latest Browse all 5236

Trending Articles