Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဦးခင်ညွန့်ပန်းချီပြခန်းက ပြပွဲတခု

$
0
0
 .

  ဦးခင်ညွန့်ရဲ့ ရန်ကုန်မြို့က န၀ဒေး ပန်းချီပြခန်းမှာ ၆ ရက်ကြာ ပြုလုပ်မယ့် ပန်းချီပြပွဲတခုကို မနေ့က စတင်လိုက်ပါတယ်။

Flying Colours လို့ အမည်ပေးထားတဲ့ ဒီပွဲမှာ ပန်းချီဆရာ ဆရာမ ၂၂ ဦးရဲ့ လက်ရာစုံ ပါဝင်တာကို တွေ့ရမှာပါ။


ကြာသပတေးနေ့က ပြပွဲအတွက် အသင့်ဖြစ်နေတဲ့ ပန်းချီပြခန်း အနေအထားကို လေ့လာကြည့်ရှုနေတဲ့ ပြခန်းပိုင်ရှင် ဦးခင်ညွန့် (ဓာတ်ပုံများ - စည်သူလင်း/ဧရာဝတီ) 


ရဲကျော်ရဲ့ ရန်ကုန်မိုးသည်းည၊ စိုးလင်းကြည်ရဲ့ အနီရောင် ဟာမိုနီ၊ တင်ဝင်းနီရဲ့ ကချေသည်၊ အေကေမျိုးရဲ့ ကိုရင်များ၊ ကျော်ကျော်မင်းရဲ့ နွားလှည်းအုပ်စု၊ သက်အောင်ရဲ့ မြင်းလှည်းဂိတ်၊ မင်းကျော်ရဲ့ ရေချိုးမိုးချိုး အပါအ၀င် ပန်းချီကားတချို့ကို ပြပွဲမှာ ဝေငှမယ့် စာအုပ်ငယ်မှာ ပုံနှိပ်ထားပါတယ်။

ပန်းချီပြခန်းက မရမ်းကုန်းမြို့နယ်၊ န၀ဒေးလမ်း၊ ခြံအမှတ် ၂၇ မှာ တည်ရှိပါတယ်။
ပြခန်း ဖုန်းနံပါတ်က ၀၉ ၄၃၁၉ ၉၈၉၈ ပါ။
ပြခန်းဖွင့်ချိန်က မနက် ၉ ကနေ ညနေ ၆ အထိ ဖြစ်ပါတယ်။

ပန်းချီကားများနဲ့ ဘယ်လိုမှ ပတ်သက်ခဲ့ပုံမရတဲ့ ဦးခင်ညွန့်က သူ့ပြခန်းမှာ ပြပွဲတွေ အဆက်မပြတ်နီးပါး စီစဉ်နေတာ တွေ့ရမှာပါ။

ပန်းချီဆရာအများအပြားကလည်း သူ့ရဲ့ န၀ဒေးပြခန်းမှာ ပြပွဲလုပ်ဖို့ လိုလိုလားလား ရှိပုံရပါတဲ့အတွက် အဲဒီမှာ ပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်လာဖွယ်ရှိနေပါတယ်။

ပန်းချီ ခင်မောင်သန်းဦးကို သူ့ရဲ့ ပြပွဲတင် ရေဆေးကား ၄ ခုရှေ့မှာ အခုလို တွေ့ရပါတယ်။


ပြခန်းပိုင်ရှင် ဦးခင်ညွန့်



.


Viewing all articles
Browse latest Browse all 5236

Trending Articles