Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စပိန်သ၀ဏ်လွှာကပေးတဲ့ သင်ခန်းစာ

$
0
0


စပိန်ဝန်ကြီးချုပ်က သူ့နိုင်ငံအတွင်း ရထားမှောက် သေဆုံးသူ ၈၀ ကျော်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ရာမှာ  တရုတ်မြေငလျှင်ဒဏ် ခံရသူများအတွက်ပေးပို့ခဲ့တဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာက စာသားတွေကို ဖြတ်ညှပ်ကပ်လုပ်လို့ ပြဿနာတက်နေပါတယ် တဲ့။
ကမ္ဘာကျော် ဂါးဒီးယန်းသတင်းစာ အွန်လိုင်းမှာ ရေးထားပါတယ်။
http://www.guardian.co.uk/world/2013/jul/25/spanish-train-crash-pm-condolences


ဒီစာက သူကိုယ်တိုင်ရေးတာမဟုတ်ဘဲ ဝန်ကြီးချုပ်ရုံးက အရာရှိတယောက်ရဲ့ လက်ရာ ဖြစ်ဖွယ်ရှိပါတယ်။
သို့သော်ငြားလည်း သူ့နာမည်နဲ့ထုတ်တာကြောင့် ဝေဖန်ချက်မှန်သမျှက သူ့ဆီကိုပဲ သွားမှာပါ။

စပိန်ရထား လမ်းချော်မှု လူ ၈၀ ခန့် သေဆုံးတဲ့သတင်းကို ဧရာဝတီမှာ ဖော်ပြခဲ့ပြီးပါပြီ။
လင့်က  http://blog.irrawaddy.org/2013/07/blog-post_2523.htmlဖြစ်ပါတယ်။ ဒီ မတော်တဆဖြစ်မှုကြီးအတွက် ဝမ်းနည်းရပါကြောင်း သ၀ဏ်လွှာပါ အရေးအသားတွေကြောင့် ကံဆိုးနေတဲ့ ဝန်ကြီးချုပ်အဖို့ တပူပေါ် နှစ်ပူဆင့် ဖြစ်နေရတာပါ။

နိုင်ငံရေး နဲ့ စီးပွားရေးအကြပ်အတည်းတွေကြောင့် ဝန်ကြီးချုပ် စိတ်ဒုက္ခရောက်နေရပြီးပါပြီလို့ စပိန်ကလာတဲ့ သတင်းများမှာ ရေးထားပါတယ်။

တရုတ်နိုင်ငံ ဂန်ဆူမြို့ငလျင်ကြောင့် အသက်အိုးအိမ်များဆုံးရှုံးရမှု ဆိုပြီး သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
တကယ်တော့ ရထားလမ်းချော်မှု ဖြစ်ခဲ့တဲ့မြို့ဟာ ဝန်ကြီးချုပ်ရဲ့ဇာတိမြို့နားမှာ ရှိတာပါ။ ဒီအချက်ကြောင့်လည်း ပြစ်တင်ဝေဖန်စရာတွေ ဖြစ်နေတော့တာပါပဲ။

အခုလောက် ဆိုရင် ဒီသ၀ဏ်လွှာရေးသားသူ အရာရှိ အပါအ၀င် ဖတ်ရှုစစ်ဆေးဖို့ တာဝန်ရှိသူတွေ အရေးယူခံရပြီးဖြစ်မယ်လို့ ယူဆရပါတယ်။

ကိုယ့်အမှားထဲက သင်ခန်းစာ ယူနိုင်သလို တပါးသူ အမှားထဲကလည်း သင်ခန်းစာ ယူစရာတွေ၊ ဆင်ခြင်စရာတွေကလည်း အများအပြားပါပဲ။

ကွန်ပျူတာနဲ့ စာစီရေးသားရာမှာ စာလုံးတိုင်း စာကြောင်းတိုင်းကို တဖောက်ဖောက် ရိုက်မနေဘဲ ကိုယ်ရေးတဲ့ စာအဟောင်းတွေ၊ သူများရေးထားတာတွေထဲက ကူးယူမှုက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။
ကူးယူရမှာ သတိကြီးကြီးထားပြီး ကူးယူ တည်းဖြတ်ဖို့ လိုသလို စစ်ဆေးသူများကလည်း သတ်ပုံ၊ အသုံးအနှုန်း၊ သဒ္ဒါ မှန်ကန်မှုရှိမရှိ စစ်ဆေးတာမျိုးထက် ပိုမို ဝါယမစိုက်ဖို့ လိုအပ်တယ် ဆိုတာကို ဒီသတင်းက သတိပေးနေတယ်လို့ ဆိုနိုင်ပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လင်တရူးမများ၏ ရောဂါ လက္ခဏာ (၁၃) ချက်..


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ