Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စပိန်ရထား လမ်းချော် လူ ၈၀ ခန့်သေဆုံး

$
0
0
.

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ စပိန်နိုင်ငံ မက်ဒရစ်မြို့တော်ကနေ ဖဲရို( Ferrro) မြိုသို့ ခုတ်မောင်းတဲ့ အမြန်နှုန်းမြင့် ရထားတစီးဟာ မြို့တော်ရဲ့အနောက်မြောက်ပိုင်း ဆန်တီယာဂို ဒယ်လ် ကွန်ပို စတယ်လ်လာ (Santiago de Composstela) မြို့မှာဘဲ လမ်းချော်ကာ နံရံနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့လို့ လူ ၈၀ လောက် သေဆုံးသွားရပါတယ်။

ဓာတ်ပုံများ- The Sun

နောက်ဆုံး သတင်းတွေအရ ခရီးသည် ၈၀ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၄၀ လောက် ရှိပါတယ်။
အမြန်နှုန်းမြင့် ရထား တိမ်းမှောက်ခဲ့တဲ့ အဲဒီမြို့ဟာ ခရစ်ယာန်ဘာဝင်ဝင်တွေရဲ့ ၀တ်ပြုရာ ရှေးဟောင်း ဘုရားရှိခိုး ကျောင်းတွေရှိလဲရှိပြီး တချို့သေဆုံးသူများကို အဆိုပါ ဘုရားကျောင်းတွေမှာ ကျင်းပမှု တချို့လည်း ရှိတယ်လို့ သိရ ပါတယ်။ 

ဒဏ်ရာရသူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးပြီး သေဆုံးသွားသူတွေအတွက် သက်ဆိုင်ရာမိသားစု ၀င်တွေဆီကို စပိန်အစိုးရက အကြောင်းကြားခဲ့ပါတယ်။

ယခုရထားတမ်းမှောက်မှု ဖြစ်စဉ်ဟာ မတော်တစမှုဖြစ်စဉ်သာဖြစ်ကြောင်း အကြမ်းဖက်သမားများရဲ့ လုပ်ရပ်တွေ မဟုတ်ကြောင်းကိုလဲ စပိန်အစိုးရက ငြင်းဆိုခဲ့ပါတယ်။

စပိန်အစိုးရက အဆိုပါ ကိစ္စကြောင့် နိုင်ငံတွင် ၀မ်းနည်းခြင်း ၃ ရက်တာ သတ်မှတ်ထားပါတယ်။ 

ပေါ်လီယာနာလို မေတ္တာရှင်မလေးအတွေးနဲ့ ကျမတို့ မြန်မာနိုင်ငံမှာ ဒီလို အမြန်နှုန်းမြင့် ရထားတွေ မရှိသေးလို့ ဒီလို အဖြစ်မျိုး မကြုံရနိုင်ဘူးလို့ အကောင်းဘက်က တွေးကြည့်မယ်ဆိုလည်း ရနိုင်ပါတယ်။ 






အိမ့်သံစဉ် ~



.



Viewing all articles
Browse latest Browse all 5236

Trending Articles