Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့

$
0
0
ဇူလိုင် ၁၉ ရက်နေ့သည် ခေတ်သစ် မြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း နှင့် ၎င်း၏ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ၁၉၄၇ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့်
နေ့ဖြစ်သည့် အတွက် အာဇာနည်နေ့ အခန်းအနားများ ကျင်းပကြသည်။ 


စစ်အစိုးရက ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီးချိန်မှစ၍ ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးသား သူရဲကောင်း ဆိုသည့် ဂုဏ်ကိုလျော့ကျအောင် ပြုလုပ်ခဲ့သော်လည်း ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ဗိုလ်ချုပ်ကို လေးစား စိတ်ဝင်စားမှုများ ပြန်လည်နိုးကြား တက်ကြွလာနေပြီ ဖြစ်သည်။ 

သူ၏ ဘ၀ကို လေ့လာသိရှိလိုပါလျှင် လွန်ခဲ့သော နှစ်ပေါင်း များစွာကတည်းက ဗိုလ်ချုပ်အောင်ဆန်း 
ပြတိုက် အဖြစ် ပြောင်းလဲခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ဟောင်းကို သွားရောက်ကြည့်ရှုနိုင် ပါသည်။ 

ဗဟန်းမြို့နယ် ကန်တော်ကြီးကန်အနီးရှိ တောင်ကုန်းလေးပေါ်က အိမ်တွင် ဇနီး ဒေါ်ခင်ကြည်၊ သားသမီး များဖြစ်သော အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်တို့နှင့် အတူ နေထိုင်ခဲ့သည်။ 

ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေး ပြိုင်ဖက်ဟု သဘောထားသည့် ဂဠုန်ဦးစော၏ နောက်လိုက်များက လုပ်ကြံခဲ့ချိန်၌ ယနေ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၂နှစ်အရွယ်သာရှိသေးသည်။ 

ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခဲ့ပြီးနောက် ဒေါ်ခင်ကြည်နှင့် သားသမီးများသည် အဆိုပါနေအိမ်တွင် သားလတ်ဖြစ်သူ အောင်ဆန်းလင်း ခြံဝန်းအတွင်းမှ ရေကန်ငယ်တွင် ရေနစ်ကွယ်လွန်ခဲ့သည့် ၁၉၅၃ ခုနှစ် အထိနေထိုင်ခဲ့ကြသည်။ 

ဗိုလ်ချုပ်ပြတိုက် နဲ့ ပတ်သက်ပြီး ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ ကျော်ဖြိုးသာ ရေးသား တင်ပြထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ (http://burma.irrawaddy.org/archives/44724) ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။ 



ကျော်ဖြိုးသာ ~

Viewing all articles
Browse latest Browse all 5236

Trending Articles