Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဦးသိန်းစိန် သို့မဟုတ် နေတိုး

$
0
0
အခု ဥရောပ ၂ နိုင်ငံ ခရီးထွက်နေတဲ့ သမ္မတ ဦးသိန်းစိန်ကို နေတိုးလို့ အမည်ကင်ပွန်းတပ်လိုက်ရတဲ့ အကြောင်း နည်းနည်းပြောပြချင်ပါတယ်။  


ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

မကြာခင် ရက်တွေအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ထိုးမှုကို အမြန် ဆုံး အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ လန်ဒန်ရောက် သမ္မတ ဦးသိန်းစိန်က Chathem House မှာ ဇူလိုင်လ ၁၅ ရက်နေ့က ပြောခဲ့တာ အားလုံးမှတ်မိကြမှာပါ။ 

“လာမယ့်ရက်များအတွင်းမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အရေးကြီးတဲ့ အဆင့် တစ်ဆင့်ကို ကျော်ဖြတ် နိုင်တော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းခြောက် ဆယ်ကျော် အတွင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အ တိုင်း အတာနဲ့ သေနတ်သံတွေ ချုပ်ငြိမ်းမယ့်နေ့ ဖြစ်လာမှာ ဖြစ်တဲ့ အတွက် ဒီလက်မှတ် ရေးထိုးနိုင်မှုဟာ အလွန် အရေးကြီးတဲ့ သမိုင်းအချိုးအကွေ့ တစ်ခုဖြစ်ပြီး အားလုံးက ဝမ်းမြောက်ဂုဏ်ယူ ပျော်ရွှင်ကြရမယ့် ကိစ္စတခုလည်း ဖြစ်ပါတယ်” လို့ ဦးသိန်းစိန်က ပြောခဲ့တာပါ။ 

အဲဒီလို သမ္မတ ဦးသိန်းစိန်က ပြောပြီး ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ ၁၉၉၅ ခုနှစ် ဇွန်လ ကတည်းက အပစ်အခတ်ရပ် စဲရေး လုပ်ထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ ပထမဆုံးအကြိမ် တိုက်ပွဲ ဖြစ်ပါတော့တယ်။ 

မွန်ပြည်သစ်ပါတီ ဘိတ်ခရိုင်ဒေသ တပ်မှူး ဗိုလ်မှူး တမော့ချမ်းက ပြောတာမှာတော့ ထိုင်း-မြန်မာ နယ်စပ်နဲ့ ၃ မိုင် အကွာ မွန်ပြည်သစ်ပါတီ တပ် စခန်းချရာ ဘိတ်ခရိုင် ထိလိလုံနယ် ပေါင်းကိုးဒေသကို မြန်မာ လှုပ် ရှား တပ်တွေက ၀င်ရောက် တိုက်ခိုက်ခဲ့တယ်တဲ့။ 

တနင်္သာရီတိုင်း ကော့သောင်းအခြေစိုက် တပ်ရင်း (၅၈၁) က ဗိုလ်ကြီးနေမျိုးနဲ့ ၂၁ အင်အားရှိတဲ့ မြန်မာ စစ်တပ်က တက်လာပြီး မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ လုံခြုံရေး ယူထားတဲ့နေရာမှာ တိုက်ပွဲဖြစ်သွားကာ မွန်ပြည်သစ်ပါတီဘက်က ၂ ဦး ကျဆုံး၊ ကာဘိုင်သေနတ် ၂ လက်လည်း ဆုံးရှုံးခဲ့သလို မြန်မာစစ်တပ်က တဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရတယ် လို့ မွန်ပြည်သစ်ပါတီဘက်က ပြောဆိုထားတယ်။ 

၁၈ နှစ်တာ ကာလအတွင်း အခုလို သေနတ်ပေါက်၊ တိုက်ပွဲဖြစ်ပြီး ၂ ဖက်ကျဆုံး ကြရတာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောစကားနဲ့ စပ်တပ်ရဲ့ လက်တွေ့လုပ်ရပ်ကွာဟမှုတွေထဲက တခုလို့ လူတွေပြောနေကြပါတယ်။ 

စစ်တပ်ကို အမှန်တကယ် ထိမ်းချုပ်နိုင်မှု မရှိသေးတဲ့ သမ္မတလို့ ဝေဖန်သူတွေက ပြီးခဲ့တဲ့ နှစ် ကချင် 
ပြည်နယ်က စစ်ပွဲ တွေမှာလည်း အလားတူ သမ္မတ အပြောနဲ့ စစ်တပ်က လုပ်ရပ်ကွာဟတာတွေကို ထောက်ပြကြပါတယ်။ 

ဒီလို သေနတ်သံမစဲတဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် နိုင်ငံတကာက ငြိမ်းချမ်းရေး အလှူရှင်တွေနဲ့ စီးပွားရေး သမားကြီးတွေ၊ အနောက်နိုင်ငံခေါင်းဆောင်တွေက သမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လိုမြင် မလဲ၊ မြန်မာ့တပ်မတော် အပေါ် ဘယ်လိုမြင်မလဲ တွေးစရာပါ။ 

ဒါတွေကြောင့် ဦးသိန်းစိန်ကို ဝေဖန်သူတွေက နေတိုးလို့ အမည်ပေးထားကြပါတယ်တဲ့။  သူတို့ ပြောတာက နေတိုးဆိုတာက မြန်မာပြည်မှာ နာမည်ကြီး သရုပ်ဆောင် နေတိုးမဟုတ်ပါဘူးတဲ့။ 

အင်္ဂလိပ်လို  N.A.T.O ဆိုတာပါပဲ။ 

အဓိပ္ပာယ်ကတော့ Not Action, Talk Only ဆိုပါသတဲ့။ 


ဝေဖန်သူတွေနဲ့ တွေ့မှ သမ္မတ ဦးသိန်းစိန်လည်း နေတိုး ( N.A.T.O ) ဖြစ်သွားရပါတော့တယ်။  



လင်းသန့် ~



.




Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗိုလ်အောင်ဒင် မူပိုင်ခွင့်ကိစ္စ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်