Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်နေတဲ့ မြန်မာ့ အိမ်၊ ခြံ၊ မြေဈေး

$
0
0
မြန်မာအိမ်၊ ခြံမြေ ဈေးနှုန်းတွေဟာ သမ္မတ ဦးသိန်းစိန်ဖိတ်ခေါ်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဟန့်အတား ဖြစ်နေပါတယ်။ 

 ရန်ကုန်မြို့က လူနေ အထပ်မြင့် တိုက်ခန်းများ(ဓာတ်ပုံ – Steve Tickner)

မနေ့တုန်းက မြန်မာရုပ်မြင်သံကြားမှာ ဆွေးနွေးပွဲတခုအတွင်း ကမ္ဘာ့ကုလသမဂ္ဂမှ မြန်မာ ပညာရှင် တဦးဖြစ်တဲ့ ဒေါက်တာ အောင်ထွန်းသက်ကလည်း အဲဒီလို မှတ်ချက်ပြု ပြောတာ ကြည့်လိုက်ရပါတယ်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ပြင် ဆင်ခြေဖုံးဖြစ်တဲ့ လှိုင်သာယာမြို့နယ်က အိမ်၊ ခြံ၊ မြေဈေးဟာ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က အိမ်၊ ခြံ၊ မြေဈေးထက် ၁၄ ဆ မြင့်မားနေတာ ကို ထောက်ပြပြောဆိုပြီး မြန်မာနိုင်ငံကို ရင်းနှီး မြှုပ်နှံမှု လာလုပ်ချင်သူတွေအတွက် အဟန့်အတား တခုဖြစ်တယ်လို့လည်း ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။ 

ဒေါက်တာ အောင်ထွန်းသက်ရဲ့ နှိုင်းယှဉ်ပြမှု နောက်တခုကတော့ မြန်မာ့ အိမ်၊ ခြံ၊ မြေဈေးဟာ ဒေသတွင်း အာဆီယံ နိုင်ငံတချို့ရဲ့ ဈေးနှုန်းထက် ၄ ဆ မြင့်မားနေတယ်တဲ့။

ပွင့်လင်းစ ပြုလာပြီဖြစ်တဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံလိုသူတွေက မျက်စေ့ကျနေကြတာ အမှန်ပါဘဲ။ ဒါပေမယ့် ကြီးမားတဲ့ အဟန့်အတားကြီးတွေက မြန်မာနိုင်ငံမှာ ထုနဲ့ ဒေးပါ။ 

လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ အင်တာ နက် ကွန်နက်ရှင်၊ တယ်လီဖုန်း ဆင်းမ်ကတ်ဈေးနဲ့ ဆက်သွယ်ရေး ဆိုင်ရာ ကိစ္စတွေနဲ့ အတူ အကြီးမားဆုံးတခုကတော့ လုပ်ငန်းလုပ်ဖို့နဲ့ လူနေဖို့ နေအိမ်၊ ခြံမြေဈေးနှုန်းပါ။ 

ဘာကြောင့် ဒီလောက် မြေဈေးကြီးနေရတယ်ဆိုတာ နားမလည်နိုင်အောင်ဖြစ်မိပေမယ့် လွန်ခဲ့တဲ့ ၁၀ စုနှစ် ၂ ခုကျော် အတွင်း နိုင်ငံမှာ အဂတိလိုက်စားမှုတွေ၊ ငွေကြေး ဖောင်းပွမှုတွေနဲ့ အာဏာအလွဲသုံးစားမှုတွေ က အခုလို အိမ်၊ ခြံ၊ မြေဈေး အဆမတန် မြင့်မားတာဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက စွပ်စွဲ ပြောဆိုကြတယ်။ 

ဒါတွေဟာ မှန်ချင်လည်း မှန်နိုင်ပါတယ်။ 

ဒါပေမယ့် အိမ်၊ ခြံ၊ မြေဈေးတွေနဲ့ပတ်သက်လို့ မြန်မာပြည်က ဈေးကွက်ကို သတိထားမိတာကတော့ ငါးပွက်ရာ ငါးစာ ချ ရင်း ဈေးနှုန်းတွေ ခုန်တက်သွားကြတာဖြစ်ပြီး မြန်မာပြည်က ကုန်ဈေးနှုန်း ထုံးစံအတိုင်း ပြန်မဆင်းတတ်ပါဘဲ။ 

ဥပမာ တလောကပဲ ဒလနဲ့ ရန်ကုန် တံတားထိုးတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ ဒလက အိမ်ခြံမြေ၊ ဈေး တွေက တရှိန်ထိုး ခုန်တက်သွားကြတယ်။ ဖွံ့ဖြိုးမှုအလားလား ရှိလို့ ဈေးနှုန်းတာတာ သဘာဝ ကျပေမယ့် အလွန်အကျွံ ဈေးနှုန်းတက်တာကတော့ မဖြစ်သင့်ပါဘူး။ 

အခုလို အဆမတန် အိမ်၊ ခြံ၊ မြေဈေးတက်ရခြင်း အကြောင်းအရင်းကတော့ သေချာပေါက်ရှိနေမှာဖြစ်ပြီး အဲဒီအကြောင်း ရင်းကို ဖြေရှင်းနိုင်မယ် ဆိုရင်တော့ အိမ်၊ ခြံ၊ မြေဈေးလည်း ပုံမှန်ထိုက်သင့်တဲ့ ဈေးနှုန်း ဖြစ်
နိုင် ပါတယ်။ 

ဒါဆိုရင်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူတွေအတွက် အဟန့်အတားကြီးတခုကို ဖယ်ရှားပေးရာ ကျပြီး 
မြန်မာ့ စီးပွားရေး အတွက်လည်း ကောင်းသော တိုးတက်ခြင်းဆီကို ဦးတည်သွားနိုင်မယ် လို့ မျှော်လင့်မိ ပါတယ်။ 

အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles