Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဒေါ်အောင်ဆန်းစုကြည် သြစီကို သွားမယ်

$
0
0
“ကျမ သြစတြေးလျကို လာဖို့ ရှိပါတယ်”လို့ ပြောလိုက်သူက ဒေါ်အောင်ဆန်းစုကြည်ပါ။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သြစတြေးလျနိုင်ငံကို အလည်အပတ် သွားမယ့် အစီအစဉ်ကို အတည်ပြုလိုက်တယ်လို့ သြစီအခြေစိုက် brisbanetimes အွန်လိုင်းသတင်းတပုဒ် က ဖော်ပြထားပါတယ်။ 

 သြစီ နိုင်ငံခြားရေး ၀န်ကြီး ဘော့ဘ်ကားရ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံစဉ်၊ ဓာတ်ပုံ- NLD

မြန်မာနိုင်ငံမှာ မကြာသေးခင်ကာလတခုမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတကာက စိုးရိမ်ပူပန်နေ မှုတွေ မြင့်မားလာနေမှုတွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုတွေ ပြန်လည် အားကောင်းလာစေ ဖို့ လိုအပ်တယ်ဆိုတာ ပြန်လည်သုံးသပ်နေချိန်မှာ အခုလို ဒေါ်အောင်ဆန်းစုကြည်က သြစီခရီးစဉ် သွားမယ်ဆို တာကို အတည်ပြုလိုက်တာလို့ ဆိုပါတယ် ။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ လာမယ့် ဒီဇင်ဘာလ အစောပိုင်းမှာ ကျင်းပမယ့် ကမ္ဘာ့ကုလသမဂ္ဂက ကြီးမှူးကျင်းပမယ့် AIDS ညီလာခံကို အဆိုပါ ရောဂါခံစားနေရသူတွေကို ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ကုလ ကိုယ်စားလှယ် တဦးအနေနဲ့ တက်ရောက်မှာဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ သြစီခရီးစဉ်အတွင်းမှာ မဲလ်ဘုန်းနဲ့ အခြား မြို့ကြီး တမြို့၊ ၂ မြို့ကိုလည်း အလည် သွားရောက်မယ်လို့ ခန့်မှန်းပြောဆိုမှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

ရာစုနှစ်ဝက်ကျော်ကြာ မြန်မာနိုင်ငံက စစ်အာဏာရှင် စနစ်ကို အဆုံးသတ်စေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍကို ဂုဏ်ပြုဖို့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့အပ်နှင်းလိုတဲ့ တက္ကသိုလ်တွေကလည်း ကမ်းလှမ်းမှု တွေ လုပ်နေပါတယ်။ 

“ကျမ ရက်စွဲ သေချာသိဖို့တော့ စောင့်နေတယ်။ ဒါပေမယ့် သြစတြေးလျကို လာဖို့ ရှိပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ သြစီ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဘော့ဘ် ကားရ်နဲ့ လွန်ခဲ့တဲ့ သတင်းပတ် က မတွေ့ဆုံခင်မှာ ပြောလိုက်တာပါ။ 

သြစီ နိုင်ငံခြားရေး ၀န်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာလည်း မကြာခင် က မြန်မာနိုင်ငံမှာ ဖြစ်ပွား သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သတိပေးပြောဆိုခဲ့ တယ်လို့ ဆိုပါတယ်။ 


အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles