Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အာဇာနည်နေ့ မြဝတီကို ပြန်လာပါပြီ

$
0
0

ကရင်ပြည်နယ် မြဝတီမြို့မှာ ၂၅ နှစ်ဝန်းကျင်အတွင်း ပထမဆုံးအကြိမ် ကျင်းပတော့မယ့် အာဇာနည်နေ့ အခမ်းအနားအတွက် ဒေသခံတွေက အရန်သင့်ဖြစ်နေကြပါပြီ။


ဒီကနေ့ တွေ့ရတဲ့  မြ၀တီမင်းကြီးဦးစပန်းခြံ နဲ့ အာဇာနည်ကျောက်တိုင် (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)


ယိုယွင်းပျက်စီးနေတဲ့ မြ၀တီမင်းကြီးဦးစပန်းခြံဝင်းထဲက ဗိုလ်ချုပ်ကျောက်တိုင်ကွင်းကို ပြင်ဆင်ခဲ့တာအခုဆိုရင် ပြီးစီးသလောက်ဖြစ်နေပြီ၊
ဒီလ ၁၉ ရက်နေ့မှာကျရောက်မဲ့ ၆၆ ကြိမ်မြောက်အာဇာနည်နေ့ကို ဂုဏ်ပြုကျင်းပဘို့အတွက် မြ၀တီမြို့ခံတွေစု ပေါင်းထည့်ဝင်ငွေ ကျပ်သိန်း ၄၀၀ ကျော်နဲ့ ပြင်ဆင်ခဲ့တာလို့ ရပ်မိရပ်ဖတွေက ဧရာဝတီသတင်းဌာနကိုဒီနေ့ပြောဆိုကြပါတယ်။

သူတို့အဆိုအရ ကျောက်တိုင်နဲ့ပန်းခြံကိုပြုပြင်ရာမှာ ကရင်ပြည်နယ်အစိုးရက တပြားတချပ်မှ ထည့်ဝင်တာမရှိဘဲ မြို့ခံတွေရဲ့အားပေးကူညီမှုနဲ့ မြ၀တီမြို့ စည်ပင်သာရေးအဖွဲ့က ဦးဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

ကျောက်တိုင်နဲ့ပန်းခြံကိုဦးဆောင်ပြင်ဆင်တဲ့ မြို့နယ်စည်ပင် ဆိုတာက မြို့ခံရပ်မိရပ်ဖအတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး အစိုးရရဲ့ စည်ပင်သာယာရေးကော်မတီနဲ့ သက်ဆိုင်မှု မရှိဘူးလို့ သိရပါတယ်။

အမှတ် ၁ ရပ်ကွက် ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်ကျောက်တိုင်နဲ့မြ၀တီမင်းကြီးဦးစပန်းခြံကို အရင်စစ် အစိုးရလက်ထက်က စီးပွားရေးသမားတဦးကို ရောင်းချခဲ့ရာကနေ ခြံဝင်းပိတ်ထားခြင်းခံခဲ့ရတာပါ။

ယခင်စစ်အစိုးရ လက်ထက်မြ၀တီမှာမွေးတဲ့ ကလေးငယ်တွေဟာ အာဇာနည်နေ့ဆိုတာ မသိတော့ဘဲ ဗိုလ်ချုပ်ဆိုတာ အရင်စစ်အစိုးရကို ဦးဆောင်သွားတဲ့လူလို့ ထင်နေကြတယ်ဆိုတဲ့အကြောင်း မြို့ခံတဦးကဆိုပါတယ်။

မြို့ခံစစ်ပြန်ကြီးတဦးကတော့”အာဇာနည်နေ့ပြန်လည်ကျင်းပခွင့်ရပေမဲ့ အရင်လိုဥသြဆွဲတဲ့အစီအစဉ်ရမရတော့ မသိရသေးဘူး ရတန်ကောင်းပါရဲ့ဗျာ။
 ဒါမှကျွန်တော့မြေးလေးတွေကို အာဇာနည်နေ့ရဲ့အနှစ်သာရကဘာလဲ၊ ဘာဖြစ်လို့ဒီအခမ်းအနားကို လူတွေကျင်းပဂုဏ်ပြုချင်ရတာလဲ ဆိုတာ အဲဒီနေ့ကျရင်အချိန်အခါသမယနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကလေးတွေကို ရှင်းပြရမယ်” လို့ သူ့ဆန္ဒကိုပြောပါတယ်။

ကရင်ပြည်နယ်မှာ ၇ မြို့တဲ့ရှိတဲ့အထဲက အာဇာနည် ကျောက်တိုင်နဲ့ပန်းခြံကို မြို့ခံတွေရဲ့ ထည့်ဝင်ငွေနဲ့ အကြီးစားပြင်ဆင်မှုတွေ လုပ်ပြီး အာဇာနည်နေ့ ကျင်းပခွင့်ရဘို့ အာဏာပိုင်တွေဆီမှာ ရဲရဲဝံ့ဝံ့ တောင်းဆိုရဲတာ မြ၀တီကလူတွေဘဲရှိတယ်ဆိုပြီး ဘားအံကအငြိမ်းစားကျောင်းဆရာတဦးက ဧရာဝတီသတင်းဌာနကိုပြောပါတယ်။




.


Viewing all articles
Browse latest Browse all 5236

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


နာမည်ကျော်နေတဲ့ (Eaint Treasure)အိမ့်ရတနာရဲ့ HD Video


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ယူကေစစ်သံမှူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးနှင့်တွေ့ဆုံ၊


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


သွေးအုပ်စုများ ဖခင်စစ်-မစစ် အငြင်းမပွါး