Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကျနော် တွေးမိသမျှ လက်ရှိ မြန်မာ့နိုင်ငံရေး

$
0
0
မနေ့က သက်သက်တို့နဲ့တွေ့တော့ Generation Wave က ကိုဖြိုးတယောက်၊ ပြည်ကို လူ့အခွင့်အရေး သင်တန်း သွားပေးရင်းနဲ့ နိုင်ငံရေး လွတ်မြောက်ရေးလှုပ်ရှားမှု (၂၀၁၀ လောက်တုန်းက လုပ်ခဲ့တာပါ ) ပုဒ်မ ၁၇/၁ တပ်ပြီး အဖမ်းခံရတယ်လို့ ကြားတယ်။ 

 ဝေဖြိုးအောင် ခေါ် ဂလိ ၊ GW အဖွဲ့ဝင်

တစ်ပြိုင်နက်ထဲမှာပဲ ပြည်ထဲရေး ဒုဝန်ကြီး၊ ရဲချုပ် ဦးကျော်ကျော်ထွန်းက ၁၉၅၀ အရေးပေါ်စီမံချက် အက် ဥပဒေ ပုဒ်မ ၅ -ည ၁၀- က စသည်ဖြင့်တို့ကို ပြစ်ဒဏ်မလျော့ပေးနိုင်ဘူးလို့ လွှတ်တော်မှာပြန်ဖြေတယ်။ 

အစိုးရသစ်အနေနဲ့ အပြောင်းအလဲကိုချဉ်းကပ်ရာမှာ နိုင်ငံရေးသမားအပေါ်မယုံကြည်မှု လုံခြုံရေး လုပ်ငန်း စဉ်များ ဆက်လက် လွှမ်းမိုးထားလိုမှု အရမ်းလွန်ကဲနေတုန်းပဲလို့ ယူဆရတယ်။  

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ခေါင်းစဉ်ကို ဘယ်သူတွေက ဘယ်လောက်ယုံပြီး ဘယ်သူတွေက ဘယ်လောက်အထက်စီး ယူ ပုံဖော်လိုမှု များတယ်ဆိုတာ နိုင်ငံရေးလေ့လာသူတွေရော နိုင်ငံရေး ထဲထဲ ဝင်ဝင်လုပ်နေသူတွေရော အာရုံသိ၊ ပညာသိ သိရှိပြီးဖြစ်ပါတယ်။ 

အပြောင်းအလဲကိုသွားရင် ဖြေလျော့မှုနဲ့ရုန်းကန်မှုဆိုတာ ရှိကိုရှိနေမှာ သီအိုရီပါ။  ဖြေလျော့မှုအပိုင်းကို တာဝန်ယူပေးရမှာက အစိုးရပါ။ 

ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ဆောင်နေသူတွေကလည်း အပြောင်းအလဲကို အဓိကထားပြီး တရားမျှတမှုနဲ့ အများ ခံစားနိုင်ရေး ဆိုတဲ့ လောကပါလတရားထဲက ဘောင်ကျော်နေတယ်လို့ ကျနော် လုံးဝမထင်ဘူး။ 

ကျနော်လွှတ်တော်ကို လေ့လာကြည့်တယ်။ ပေါ်ပေါက်လာတဲ့ ဥပဒေဘယ်လောက် ရာခိုင်နူန်းဟာ အစိုးရအဖွဲ့က တင်တာလဲ။ ဥပဒေ ဘယ်လောက်ရာခိုင်နှုန်းဟာ လွှတ်တော်က တင်တာလဲ။ 

အချိုးကျကြည့်ရင် လွှတ်တော်ကြီးက အစိုးရကို အင်အားချိန်ခွင်ညှာညှိထားနိုင်တယ်ဆိုတာ ကျနော် လုံးဝ မယုံဘူး။ 

ကျနော်မြင်တာကတော့ ၂၀၁၅ သမ္မတဖြစ်လိုမှု၊ ဒေါ်အောင်ဆန်းစုကြည်ကို ယာယီစည်းရုံးမှု၊ ပါတီ စိုးမိုးလို မှု တွေသာ အတွင်းသား အဖြစ်တွေ့နေရတာပါ။ ဖွဲ့စည်းပုံပြင်မယ်ကအစ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတာ
တွေ အသံ ဟစ်ပြီး ပုဂ္ဂိုလ်ရေး ထင်ပေါ်လိုမှု ထူထောင်နေတာ နံပတ် ၁ ပါဘဲ။ 

လက်ရှိအစိုးရနဲ့ လွှတ်တော်ကို နိုင်ငံတကာ မျက်လုံးနဲ့ကြည့်ရင်တော့ မဆိုးဘူးပေါ့။ ဒါပေမယ့် ဖြစ်စဉ်တွေ အားလုံးကို ကိုယ်စွမ်းသလောက် အတွင်းကျကျလေ့လာကြည့်ရင် ပုံမကျ ပန်းမကျတွေ အတိုင်းသာ 
တွေ့နေ ရတာပါ။ 

ကျနော်ဆိုလိုချင်တာက Power Upper Hand ယူပါ။ ဒါပေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တကယ်လုပ်ပါ။ မယုံကြည်မှုနဲ့ နိုင်ငံတော် လုံခြုံရေးအဖြစ်သာလျှင် ထိန်းသိမ်းနိုင်ပြီဆိုရင်တော့ ဘာမှ မဖြစ်ရင်သာနေမယ်။ ကျနော်တို့ လက်ရှိပြနေတဲ့ ကဏ္ဍ အသီးသီးဆိုင်ရာ ညွှန်ကိန်းတွေကတော့ လုံးဝ တက်လာမှာ မဟုတ်ပါဘူး။ 

စကားမစပ် ကျနော်တို့နိုင်ငံရဲ့ ( အာဏာသုံးရပ်ကိုမဆိုလိုပါ) အာဏာခွဲဝေမှုမှာ အလယ်ခေတ် ဥရောပ ရဲ့ ကျောင်းတော် အာဏာလွှမ်းမိုးမှုကြီး ဖြစ်လာမှာရယ် Terrorist တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ ပေါ် လာမှာ အကြောက်ဆုံးပါပဲ ဟုတ်ကဲ့ဆက်ရေးပါဦးမယ်။ 


ကျနော် ဇော်မင်းပါ။ 

စာရေးသူ ဇော်မင်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်ပြီး ယခု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးအဖွဲ့မှူးအဖြစ် တာဝန်ယူနေသူလည်းဖြစ်ပါတယ်။ 

Viewing all articles
Browse latest Browse all 5236

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


နာမည်ကျော်နေတဲ့ (Eaint Treasure)အိမ့်ရတနာရဲ့ HD Video


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ယူကေစစ်သံမှူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးနှင့်တွေ့ဆုံ၊


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ