Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကြံ့ခိုင်ရေးပါတီမှာ ဥက္ကဋ္ဌ ၂ ယောက် ရှိနေတယ်

$
0
0

မကြာသေးခင်အချိန်အထိ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူက သမ္မတဦးသိန်းစိန် ဖြစ်ပါတယ်။
သို့သော်လည်း သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း ပါတီမှ ရာထူးကြီးကြီး မယူရဘူးလို့ အခြေခံဥပဒေမှာ ရေးထားပါတယ်။
ဒီလိုရေးထားတာကို ထောက်ပြသူတွေ ရှိလာတဲ့နောက်မှာတော့  ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟာ သူရဦးရွှေမန်း ဖြစ်ကြောင်း တွေ့လာရပါတယ်။

ဘယ်တုန်းက ဘယ်လို အပ်ချလောင်း လုပ်လိုက်ကြသလဲ မသိပါဘူး။
စစ်ဗိုလ်ချုပ်တွေရဲ့ စတိုင်အတိုင်း လျှို့ဝှက်လုပ်ရတယ်လို့ ယူဆစရာ ရှိသလို၊ အခြေခံဥပဒေကို လေးစားတဲ့အနေနဲ့ ဒိုင်လျှိုလေး အာဏာလွှဲပေးလိုက်တယ်လို့ ယူဆနိုင်ပါတယ်။

ကဲ ... ဒီတော့ ပါတီ ဥက္ကဋ္ဌက သူရဦးရွှေမန်း ပေါ့လေ။ ပါတီဝက်ဆိုက်၊ ပါတီသတင်းစာတွေမှာ ဖော်ပြချက်တွေကြည့်ပြီး သဘောပေါက်ရတာပေါ့။

အဲ ... အဲဒီလိုလည်း မဟုတ်သေးပြန်ဘူး။

ရန်ကုန်မြို့အခြေစိုက် မြန်မာသံတော်ဆင့်ဂျာနယ် ဇွန် ၂၉ ရက်နေ့ထုတ်မှာတော့ ဦးသိန်းစိန်သည်သာ ဥက္ကဋ္ဌ ဖြစ်ပါကြောင်း ပါတီခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးအောင်သောင်း ပြောဆိုထားတာကို ဖော်ပြထားပါတယ်။

"အချပ်ပို (ဆ)" ဆိုတဲ့ စာမျက်နှာ အောက်ဆုံးပိုဒ်မှာရေးထားတာကို ပြန်ကောက်နုတ်ရရင် ...

"တကယ့် ဥက္ကဋ္ဌ နဲ့ ခေါင်းဆောင်ကတော့ လောလောဆယ်ကတော့ သမ္မတပါပဲ" လို့ ဦးအောင်သောင်းက ပြောပါတယ်။ ဇွန် ၁၈ ရက်နေ့မှာ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောတာပါ။

ဒါဆိုရင် ... ကြံ့ခိုင်ရေးပါတီမှာ ဥက္ကဋ္ဌ ၂ ယောက် ရှိတယ် ဆိုတဲ့သဘော သက်ရောက်ပါတယ်။

အဲဒီလို မဟုတ်ဘူး ဆိုရင်လည်း ဦးရွှေမန်းက  ဟန်ပြဥက္ကဋ္ဌဖြစ်တယ်၊ ဦးသိန်းစိန်သည်သာ "တကယ့် ဥက္ကဋ္ဌ" ဖြစ်တယ်လို့ သဘောပေါက်ရမယ် ထင်ပါတယ်။

ပါတီတွေမှာ ဥက္ကဋ္ဌ နှစ်ယောက် ဖြစ်နေတာမျိုးက ပါတီ နှစ်ခြမ်းကွဲချိန်မှာပဲ ဖြစ်တတ်ပါတယ်။
စစ်တပ်က ထူထောင်ထားတဲ့ ကြံ့ခိုင်ရေးပါတီက မကွဲသေးဘူး၊ ကြံ့ခိုင်နေဆဲပဲလို့ ယူဆရမှာပါ။
ပါတီ မကွဲသေးဘဲနဲ့ ကြံ့ခိုင်ရေးပါတီမှာ ဥက္ကဋ္ဌ ၂ ယောက် ရှိနေရတဲ့ အကြောင်းရင်းကိုတော့ ကာယကံရှင် စစ်ဗိုလ်ချုပ်များပဲ သေချာ သိမယ်လို့ ထင်ပါတယ်။




.


Viewing all articles
Browse latest Browse all 5236

Trending Articles