တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်ဆဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေ ရဖို့အတွက် အဓိက လမ်းညွှန်မှုပေးရေးအဖွဲ့ ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီဆိုတာကို ယမန်နေ့ က ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
အဆိုပါ ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီကို ယမန်နှစ် သြဂုတ်လ ၁၆ ရက်နေ့က ဖွဲ့စည်း ခဲ့တာ
ဖြစ်ပါတယ်။
ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီ မှာ ဥက္ကဋ္ဌအဖြစ် သမ္မတ ဦးသိန်းစိန်က တာဝန်ယူပြီး ဒု သမ္မတ ၂ ဦးအပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးအပါအ၀င် အဖွဲ့ဝင် စုစုပေါင်း ၁၁ ဦးနဲ့ ပြင်ဆင် ဖွဲ့စည်းလိုက်တာကို သမ္မတ ဦးသိန်းစိန်လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။
အခုလို ပြင်ဆင်ဖွဲ့စည်းလိုက်တာဟာ မကြာသေးမီက ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး အပြီး သူရ ဦးရွှေမန်းက အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဘေးထွက် ဆိုးကျိုးတွေ ဖြစ်လာမှာနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ သတင်းဖြစ်ပေါ်ပြီး ပေါ်ထွက်လာတာလည်းဖြစ်ပါ တယ်။
အလားတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းလိုက် ပါတယ်။
အဆိုပါ အဖွဲ့သစ်မှာ ဥက္ကဋ္ဌအဖြစ် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တာဝန်ယူပြီး ဒုဥက္ကဋ္ဌ ၂ ဦးက တော့ ဒု ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် ( ကြည်း) ဒု ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ အတူ သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးသိန်းဇော်တို့အပါအ၀င် ပြည်ထောင်စု ၀န်ကြီးတွေ၊ ဒုဝန်ကြီး တွေ၊ တပ်မတော် စစ်တိုင်းမှူးတွေ၊ တိုင်း၊ ဒေသကြီး၊ ပြည်နယ် အစိုးရ ၀န်ကြီးချုပ်တွေ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ စသဖြင့် စုစုပေါင်း ၅၁ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။
![]()
![]()
အိမ့်သံစဉ် ~
ငြိမ်းချမ်းရေး အလှူရှင်အဖွဲ့ Peace Donor Support Group (PSDG)နဲ့ ဦးသိန်းစိန် ယမန်နှစ် ဇွန်လ ၁၂ ရက်နေ့က တွေ့ဆုံစဉ်က

ယနေ့ ဇူလိုင်လ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာဖြတ်ပိုင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၁၄/၂ဝ၁၃)
၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း
နိုင်ငံတော်သမ္မတရုံး၏ ၂ဝ၁၂ ခုနှစ်၊ မေလ ၃ ရက် နေ့စွဲပါ အမိန့်အမှတ်(၁၁/၂ဝ၁၂)နှင့် ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၁၆ ရက် နေ့စွဲပါ အမိန့်အမှတ်(၁၇/၂ဝ၁၂)တို့ဖြင့် ဖွဲ့စည်းခဲ့သော '' ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ'' ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်း လိုက်ပါသည်-
၁။ | ဦးသိန်းစိန် | ဥက္ကဋ္ဌ | နိုင်ငံတော်သမ္မတ |
၂။ | ဒေါက်တာစိုင်းမောက်ခမ်း | အဖွဲ့ဝင် | ဒုတိယသမ္မတ |
၃။ | ဦးဉာဏ်ထွန်း | အဖွဲ့ဝင် | ဒုတိယသမ္မတ |
၎။ | သူရဦးရွှေမန်း | အဖွဲ့ဝင် | ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် |
၅။ | ဦးခင်အောင်မြင့် | အဖွဲ့ဝင် | ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် |
၆။ | ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် | အဖွဲ့ဝင် | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
၇။ | ဒုတိယဗိုလ်ချုပ်ကြီးကိုကို | အဖွဲ့ဝင် | ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန |
၈။ | ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် | အဖွဲ့ဝင် | ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန |
၉။ | ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း | အဖွဲ့ဝင် | ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန |
၁ဝ။ | ဒေါက်တာထွန်းရှင် | အဖွဲ့ဝင် | ပြည်ထောင်စုရှေ့နေချုပ် |
၁၁။ | ဦးလှထွန်း | အတွင်းရေးမှူး | ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတရုံး |
(ပုံ)သိန်းစိန် | |||
နိုင်ငံတော်သမ္မတ | |||
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် |

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ် ၁၅/၂၀၁၃)
၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)
ပြည်ထောင်စုငြိမ်းချမ်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း
နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ မေလ ၃ ရက် နေ့စွဲ့ပါ အမိန့်အမှတ် (၁၂/၂၀၁၂) ဖြင့် ဖွဲ့စည်းခဲ့သော ''ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ'' ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်း လိုက်ပါသည်-
၁။ | ဒေါက်တာစိုင်းမောက်ခမ်း | ဥက္ကဋ္ဌ | |
၂။ | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း | ဒုတိယဥက္ကဋ္ဌ | |
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) | |||
၃။ | ဦးအောင်မင်း | ဒုတိယဥက္ကဋ္ဌ | |
ပြည်ထောင်စုဝန်ကြီး | |||
၎။ | ဦးသိန်းဇော် | ဒုတိယဥက္ကဋ္ဌ | |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
၅။ | ဦးအုန်းမြင့် | အဖွဲ့ဝင် | |
ပြည်ထောင်စုဝန်ကြီး | |||
၆။ | ဦးစိုးသိန်း | အဖွဲ့ဝင် | |
ပြည်ထောင်စုဝန်ကြီး | |||
၇။ | ဦးသန်းဌေး | အဖွဲ့ဝင် | |
ပြည်ထောင်စုဝန်ကြီး | |||
၈။ | ဦးခင်ရီ | အဖွဲ့ဝင် | |
ပြည်ထောင်စုဝန်ကြီး | |||
၉။ | ဦးဝင်းထွန်း | အဖွဲ့ဝင် | |
ပြည်ထောင်စုဝန်ကြီး | |||
၁၀။ | ဦးခင်မောင်စိုး | အဖွဲ့ဝင် | |
ပြည်ထောင်စုဝန်ကြီး | |||
၁၁။ | တိုင်းဒေသကြီး သို့မဟုတ် | ||
ပြည်နယ်ဝန်ကြီးချုပ်များ | အဖွဲ့ဝင် | ||
(က) | ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ | ||
(ခ) | ဝန်ကြီးချုပ်၊ ကယားပြည်နယ် အစိုးရအဖွဲ့ | ||
(ဂ) | ဝန်ကြီးချုပ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ | ||
(ဃ) | ဝန်ကြီးချုပ်၊ ချင်းပြည်နယ် အစိုးရအဖွဲ့ | ||
(င) | ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ | ||
(စ) | ဝန်ကြီးချုပ်၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ | ||
(ဆ) | ဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ | ||
(ဇ) | ဝန်ကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ | ||
(ဈ) | ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ | ||
(ည) | ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ | ||
၁၂။ | တပ်မတော်မှ တိုင်းမှူးများ | အဖွဲ့ဝင် | |
(က) | တိုင်းမှူး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် | ||
(ခ) | တိုင်းမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် | ||
(ဂ) | တိုင်းမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် | ||
(ဃ) | တိုင်းမှူး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် | ||
(င) | တိုင်းမှူး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် | ||
(စ) | တိုင်းမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် | ||
(ဆ) | တိုင်းမှူး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် | ||
(ဇ) | တိုင်းမှူး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် | ||
(ဈ) | တိုင်းမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် | ||
(ည) | တိုင်းမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် | ||
၁၃။ | ဒုတိယဝန်ကြီး | အဖွဲ့ဝင် | |
ပြည်ထဲရေးဝန်ကြီးဌာန | |||
၁၄။ | ဗိုလ်ချုပ်ဇော်ဝင်း | အဖွဲ့ဝင် | |
ဒုတိယဝန်ကြီးနယ်စပ်ရေးရာဝန်ကြီးဌာန | |||
၁၅။ | ဦးထွန်းထွန်းဦး | အဖွဲ့ဝင် | |
ဒုတိယရှေ့နေချုပ် | |||
၁၆။ | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | ||
တိုင်းရင်းသားများ | အဖွဲ့ဝင် | ||
(က) | ဒေါ်ဒွဲဘူ | ||
ကချင်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(ခ) | ဦးစိုးရယ် | ||
ကယားတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(ဂ) | ဦးစောသိန်းအောင် | ||
ကရင်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(ဃ) | ဦးခွန်လိန်း | ||
ချင်းတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(င) | ဒေါ်မိယဉ်ချမ်း | ||
မွန်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(စ) | ဦးဘရှိန် | ||
ရခိုင်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(ဃ) | ဦးခွန်လိန်း | ||
ချင်းတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(င) | ဒေါ်မိယဉ်ချမ်း | ||
မွန်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(စ) | ဦးဘရှိန် | ||
ရခိုင်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||

(ဆ) | ဦးစတီဖန် | ||
ရှမ်းတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(ဇ) | ဦးလှထွန်း | ||
နာဂတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(ဈ) | ဦးကျင်ဝမ်း | ||
'' ဝ '' တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |||
၁၇။ | အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | ||
တိုင်းရင်းသားများ | အဖွဲ့ဝင် | ||
(က) | ဦးစခုန်တိန့်ယိန်း | ||
ကချင်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(ခ) | ဦးဆန်းရယ် | ||
ကယားတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(ဂ) | ဦးစောထွန်းမြအောင် | ||
ကရင်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(ဃ) | ဦးပေါ်လျှံလွင် | ||
ချင်းတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(င) | ဦးစောအုန်း | ||
မွန်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(စ) | ဦးအုန်းတင် | ||
ရခိုင်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(ဆ) | ဦးစိုင်းကျော်ဇောသန်း | ||
ရှမ်းတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(ဇ) | ဦးမြတ်ကို | ||
နာဂတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(ဈ) | ဦးဆိုင်ပေါင်းနပ် | ||
'' ဝ '' တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
၁၈။ | ဦးဇော်သန်းသင်း | အတွင်းရေးမှူး | |
ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး |
(ပုံ)သိန်းစိန် | ||||
နိုင်ငံတော်သမ္မတ | ||||
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် |
အိမ့်သံစဉ် ~