Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သီတဂူဆရာတော်ကြောင့် ဒေါ်ဝါဝါဝင်းရွှေနဲ့ Father Land ပြေလည်ကြပြီ

$
0
0


အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေ နဲ့ Great Father Land ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးကျော်မြင့်တို့ အကြီးအကျယ် အငြင်းပွားမှု ဆုံးခန်းတိုင်သွားကြောင်း ဒီကနေ့ထုတ် သတင်းစာတချို့မှာ သူတို့နှစ်ဦးက ကြော်ငြာ ထည့်သွင်းထားပါတယ်။

သီတဂူဆရာတော်  အရှင်ဉာဏိဿရက သံအမတ်ဟောင်း ဦးလှမောင်ကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့  တနင်္ဂနွေနေ့မှာ မိန့်ကြားခဲ့တာကြောင့် စေ့စပ် ဆွေးနွေးကြတယ်၊  အလျှော့အတင်း အပေးအယူ ပြုလုပ်ခဲ့ကြတယ်၊ အငြင်းပွားမှုအားလုံး ရပ်ဆိုင်းဖို့ သဘောတူလိုက်ကြပါတယ် တဲ့။

- ဆုထူးပန်ရုပ်ရှင်ရုံနေရာမှာ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးအတွက် ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်တယ်
- တရားစွဲထားတာ ရှိရင် အမှု ပြန်ရုပ်သိမ်းကြမယ်
- Great Father Land ယူထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေနေရာကို ပိုင်ရှင် ဒေါ်ဝါဝါဝင်းရွှေ ပြန်ရမယ်

ကြော်ငြာအောက်ဆုံးမှာ အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေ၊ Great Father Land Construction တာဝန်ရှိသူ ဦးကျော်မြင့် ဆိုပြီး ရေးထားပါတယ်။

ပြီးသွားပြီ ဆိုတဲ့ ဒီအမှုကို စာဖတ်သူ အများအပြား စိတ်ဝင်စားခဲ့ကြသလို သူတို့  ကြော်ငြာ ထည့်ကြတဲ့ မီဒီယာတွေ၊ နှစ်ဘက် ရှေ့နေတွေလည်း ကြော်ငြာခ/အကျိုးဆောင်ခ အတော်လေး ရလိုက်ကြမယ်လို့ ယူဆရပါတယ်။




.


Viewing all articles
Browse latest Browse all 5236

Trending Articles